1

347 18 1
                                    

မိုးဦးရာသီ ကျောင်းများဖွင့်ချိန် အရောင်တူညီ ပန်းပွင့်လေးများ တစ်စုတစ်ဝေးတည်း ပွင့်လန်းနေကြသည်။မိုးရွာပြီးခါစမနက်ခင်းမို့ ရေစက်ကလေးများက သစ်ပင်ပေါ် အဆောက်အဦးများပေါ် တွဲလဲခိုနေကြသည်။လမ်းမထက်ဝယ်လည်းရေအိုင်ငယ်တို့ဖြစ်ထွန်းလျက်။

တခြားပန်းကလေးတွေအပြိုင်အဆိုင် ရွေ့လျားနေကြပေမယ့် တစ်ပွင့်သော ပန်းကလေးကတော့ အိပ်စက်နေတုန်း။

"Jimin Jimin ထတော့ ကျောင်းတက်ရမယ်''

Morning Alarmက တဂွမ်ဂွမ်မမြည်ပဲ တညံညံဖြင့်မို့ မထချင်ထချင်နဲ့ထလိုက်ရသည်။မှေးစင်းနေသော မျက်ပေတုန်းကလေးက အစထဲက မပွင့်တာမို့ အိပ်ရေးမဝတော့ ပိုမှေးကျလာသည်။

''ရေချိုးပြီးရင် ထမင်းစားဖို့ဆင်းလာနော် အကုန်ပြင်ထားပြီးပီ စာအုပ်တွေလည်းစစ်ပြီးပြီ မင်းသာ မြန်မြန်အောက်ထပ်ဆင်းလာခဲ့''

အဆက်မပြတ်ထွက်ပေါ်လာသော မေမေ့ အာဏာကြောင့် ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်။အေးစိမ့်နေတာမို့ ခုဏကမပွင့်လာသော မျက်ဝန်းလေးများ ကျယ်သွားခဲ့သည်။
ဘီရိုထဲမှာမီးပူတိုက်ပီးသား ကျောင်းဝတ်စုံကို လဲကာ မနက်စာ စားရန်ဆင်းလာခဲ့သည်။

''Jiminဒါက မုန့်ဖိုးဒီမှာက ထမင်းချိုင့် ညနေကျောင်းကပြန်လာရင် ဆော့မနေပဲကျူရှင်သွားနော် ဒါက ကျူရှင်လွယ်အိတ် မေမေဆိုင်သွားတော့မယ် စက်ဘီးကိုသေချာစီးနော် အဲ့နွားနို့ကုန်အောင်သောက် ''

မေမေကစက်သေနတ်ပစ်သလိုပြောကာ ဆိုင်သွားရန်ပြင်ဆင်နေသည်။မေမေကကုန်တိုက်တစ်ခုမှာအထည်ဆိုင်ဖွင့်ထားသည်။ဖေဖေကတော့မနက်စောစောထဲက ကုမ္ပဏီသွားပြီမို့ ညနေမိုးချုပ်လောက်မှပြန်ရောက်သည်။ဒီလိုအိပ်ရာထနောက်ကျတဲ့ မနက်ခင်းတွေဆိုဖေဖေ့ကိုမတွေ့မြင်ရပါ။မေမေကဆိုင်မှာဝန်ထမ်းတစ်ချို့ရှိသည်မို့ သူ့အားလိုအပ်တာ ပြင်ဆင်ပြီးမှ သွားတတ်သည်။မေမေက နည်းနည်းဆူညံပေမယ့် သူဘာမှလုပ်စရာမလိုအောင်ထားတတ်သည်။Park Jiminကမေမေ့အသည်းကျော်လေးပါ။

🤍

''Jimin ပျင်းတယ်ကွာ''

စာသင်ခန်းထဲတောင်မရောက်သေးဘူး အပျင်းသမားမောင်ထယ်ကစကားစဆိုသည်။မောင်ထယ်က သူ့သူငယ်ချင်းဆိုပေမယ့် သူကတော့မောင်ထယ်လိုပျင်းမနေ။

အချစ်ဦးမို့ ရူးခဲ့ဖူးသည်။Opowieści tętniące życiem. Odkryj je teraz