Real Life Ending Up (Truly End)

Start from the beginning
                                    

" ဧကရာဇ်နဲ့ ဧကရီကို ဂါရဝပြုပါတယ် '' x2

သံပြိုင်ထွက်လာတဲ့ မော့ယွဲ့ဖေးနဲ့လီမုရုံက ချောင်းဟန့်ပြီး တစ်ယောက်ကိုတစ်ယောက် ရှောင်ဖယ်နေကြတယ်။

"ဒီနှစ်ယောက်ကို ပေးစားလိုက်ရင်ကောင်မလား'' ဆိုတဲ့အကြည့်နဲ့ ကြည့်လာတဲ့ ဝမ်ဧကရာဇ်ကို ဧကရီရှောင်းက ''မစဉ်းစားနဲ့ လုပ်လိုက်ယောက်ျား''ဆိုတဲ့ အကြည့်နဲ့ အဖြေပြန်သည်။

သတိမထားမိတဲ့ လီမုရုံနဲ့ မော့ယွဲ့ဖေးက ဟန်ကိုယ့်ဖို့လုပ်ရင်း ခပ်တည်တည်ပင်။

.........

ထျန်းခုံးလော့ဥယျာဉ် ဆိုတာ သုံးလောကမှာ ကြီးကျယ်ခမ်းနားတဲ့ အလှဆုံး ဥယျာဉ်တော်ပဲ။

အံ့ဖွယ်မြူခိုးခန်းမက အလှတရားတွေလိုမျိုးပဲဆိုပေမယ့် ထျန်းခုံးလော့ဥယျာဉ်က လူ့လောကရဲ့ လှပတဲ့ ဘုံဗိမ္မာန်လေးနဲ့သိပ်တူတယ်။
ဒါပေမယ့် ပိုမိုသာလွန်သည်ပေါ့။

မက်မွန်ပန်းတွေ၊ သစ်တော်ပန်းလေးတွေ ချယ်ရီပန်းလေးတွေက အချိန်တိုင်း ပွင့်နေတာမို့ ပန်းနုရောင်လွင်ပြင်လို့ပင် နတ်ဘုရားတွေကတင်စားခေါ်ဝေါ်ကြပေတယ်။

နှစ်ယောက်အတူ ထျန်းခုံးလော့ဥယျာဉ်မှာ လမ်းလျှောက်လာရင်း လန်ယွင်ရှန်းရေကန်မှာပွင့်လန်းလာမယ့် ရွှေကြာပန်းတွေကို ရှု့စားဖို့အတွက်စောင့်ဆိုင်းနေကြမိတယ်။

" ငါ့အရှင်ဝမ်  ကျင်းလျန့်ဟွားတွေက သိပ်လှတာပဲနော်၊ ကျက်သရေရှိမှုကလည်းတစ်မျိုးတစ်ဖုံပဲ ၊ ရင်ထဲကိုလည်း ပီတိဖြစ်စေတယ် ''

" ဟုတ်ပါရဲ့၊ ဒါပေသည့်  ကိုယ်တော့်ရဲ့ ရှောင်းကိုတော့ သူတို့မမီပါဘူး ''

နတ်ဘုရားများနှင့် နတ်သူငယ်များ ''....''

ငါတို့ဧကရာဇ်ကတော့ ငါတို့ဧကရာဇ်ပါပဲ။
ကိုယ့်ဘက်ကို ယက်တဲ့လိပ်လိုမျိုးဧကရာဇ်။

"နှစ်ယောက်အတူ ထာဝရ မခွဲဘဲ သေအတူရှင်မကွာ နေသွားကြမယ်နော် ငါ့အရှင်ဝမ် ''

" ကိုယ့်ရဲ့ရှောင်းသဘောပါပဲ ''

A.N/ Pescually system လေးကို ဒီမှာပဲနူတ်ဆက်ကြရအောင်။
ဒီအတောအတွင်း Pescually system လေးကို အဖော်ပြုပြီး တောက်လျှောက် Ongoing လိုက်ပေးခဲ့ကြတဲ့ ဝူဘွဘတို့ကိုလည်း ကျွန်တော်က အရမ်းကျေးဇူးတင်ပါတယ် ။ ပြီးတော့ အားလုံးကို သိပ်ချစ်ပါတယ် လို့ပြောချင်ပါတယ်။

Peculiarly System [Completed ]Where stories live. Discover now