''အစ်မက ခုမှငယ်ငယ်လေးပဲရှိသေးတာ၊ပြီးတော့..."
''ဟဲ့ကောင်လေး နင်တောင်၂၃နှစ်နဲ့ယောက်ျားရပြီးတော့၊
ပြီးတော့ ပျော်ရွှင်က၃၀ နားတောင်ကပ်နေပြီဟာ
ဘယ်ငယ်တော့ပါ့မလဲဟယ်"''မသိဘူးဗျာ အမေကလည်း"
အစ်မကိုနှမြောကာ စူပုတ်နေသည့်ချမ်းမြေ့က
ရှင်းမြတ်မျက်လုံးထဲမှာတော့ ကလေးဆိုးလေးတစ်ယောက်
သဖွယ်ချစ်စရာကောင်းလွန်းလှပေသည်။''အဲ့တော့ဘယ်လိုလုပ်မယ်စီစဥ်ထားကြလဲ"
တမင်တကာဂျီနေသည့် ချမ်းမြေ့ကိုလျစ်လျူရှုကာ
အမယ်အိုကမေးတော့ ရောင်နီကပျော်ရွှင့်လက်ကို
တယုတယပွတ်သပ်ရင်း ပြုံးကာသာဖြင့်''ပျော်ရွှင့်သဘောဆန္ဒကို ကျွန်တော်ဦးစားပေးပါတယ်"
''သမီးကတော့ ချမ်းမြေ့တို့တုန်းကလို
ရိုးရိုးရှင်းရှင်းပဲ"''အဲ့ဒါကောင်းပါတယ်...စိတ်ရင်းမပါတဲ့
ဂုဏ်ပြုတာတွေကိုလည်းမလိုလားဘူးမဟုတ်လားလေ"''ဟုတ်"
''နေ့ကောင်းရက်သာရွေးပြီး စီစဥ်စရာရှိတာစီစဥ်ကြတာပေါ့လေ"
ရောင်နီကမိဘမဲ့ဖြစ်၍ ငယ်စဥ်ကတည်းက
ပြုစုစောင့်ရှောက်ခဲ့သည့်မိဘမဲ့ဂေဟာမှအကြီးအကဲတွေကိုသာ လှမ်းကာအသိပေးဖြစ်သည်။
နောက်ပိုင်းရောက်လာသည့်ကလေးတွေနှင့်
မည်သူမှအားလပ်ကြသည်မရှိရာ လေလိုင်းဖြင့်သာ
ဂုဏ်ပြုစကားဆိုကြလေသည်။..........................
ဉာဥ့်သန်းခေါင်မှာ နားထဲကြားနေရသည့်
အသံတစ်ချို့ကြောင့် ရှင်းမြတ်နှိုးလာ၏။
မြင်နေရသည့် ကျောပြင်ကျယ်ကြီးဟာတသိမ့်သိမ့်
တုန်ယင်နေသဖြင့် အနောက်မှလှမ်းကာဖက်တွယ်လိုက်တော့
ကျောပြင်ကျယ်ဟာ တွန့်ခနဲ။''ကျွန်တော့်ကြောင့် ကိုကိုနှိုးသွားတာလား"
''ညတိုင်းပဲကျိတ်ငိုနေတာ မမောသေးဘူးလား
ကလေးလေး"ချမ်းမြေ့က ရှင်းမြတ်ရင်ခွင်ထဲမှထွက်ကာ
မျက်နှာချင်းဆိုင်လှည့်ကြည့်လာတော့ ပါးပြင်ထက်မှ
မျက်ရည်စတွေဟာ စိုလဲ့လဲ့။
မမြင်ရက်စွာ မျက်ရည်စတွေကိုပွတ်သပ်ပေးမိတော့
ချမ်းမြေ့က မပီမပြင်ပြုံးပြလာသည်။
YOU ARE READING
ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED)
RomanceMyanmar Boyslove Own Creation Village Unicode & Zawgyi
Extra 7
Start from the beginning