ငြိသည် တွယ်သည် ချစ်သည် ခိုင်
မောင်သည်နေ့ရုံးမတတ်
လက်ဒဏ်ရာနှင့်ခွင့်ယူသည်
မောင်ထိုနေ့ပြန်သည်ထဲက
ခိုင့်အကြောင်းပဲတွေးမိသည်ခိုင့်အားတွေ့ချင်မိသည်
ဒါကြောင့်မောင်ဆိုကယ်သော့ကိုယူကာ
ခိုင်ရှိရာဆေးရုံသို့"ဒေါက်တာခိုင်မြတ်ချယ်ရှိပါသလားဗျ"
ကောင်တာရှိသူနာပြုတယောက်ကိုမေးလိုက်သည်
"ရှိပါတယ် ဘယ်ဘက်ကဒေါက်တာ့ရုံးခန်ထဲမှာပါ"
"ဟုတ်ကဲ့ ကျေးဇူးပါဗျ"
ခိုင့်အခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်သည်
"ဝင်ခဲ့ပါ"
ခိုင့်အသံ ခိုင့်အသံသည်ကြားဖူးသမျှသီချင်းတွေထက်
ပိုနားထောင်ကောင်းလွန်းသည်
လွမ်းနေသည်မို့ တံခါးအားအမြန်ဖွင့်ကာ
ဝင်လိုက်သည် မောင့်ကိုမြင်တော့
ခိုင်အံ့ဩသွားသည့်ပုံပြီးမှ"ထိုင်လေ မောင် ဘာကိစ္စခိုင့်ဆီရောက်လာတာတုန်း"
"ခိုင့်ကိုအများကြီးလွမ်းလို့"
မောင်ခိုင့်မျက်လုံးကိုစိုက်ကြည့်ကာပြောလိုက်သည်
"ခိုင့်ကိုလွမ်းရင်အပြင်ကိုချိန်းလေမောင်
ဆေးရုံမှာတကူးတကနဲ့ ခိုင်မကြိုက်ဘူး
လူပြောစရာဖြစ်တယ်"မောင်ငိုချင်သွားသည်
ခိုင်ကအမြဲသည်လိုပင်
ကျောင်းတုန်းကလဲ
လူရှေ့လက်တောင်အကိုင်မခံ
အနားထိုင်ရင်တောင်ဆူတတ်သည်"အင်းပါ ခိုင်ရဲ့
မောင့်လက်ကနာလို့လေ
မောင်ဆေးလဲမထည့်တတ်ဘူး
တယောက်ထဲနေတော့ထည့်ပေးမဲ့သူမရှိဘူး
အ့မို့ခိုင့်ဆီလာတာ""ဒါဆိုလည်ပြီးတာပဲ လာမောင့်လက်မောင်းပေး
ခိုင်ထည့်ပေးမယ်"မောင်ခိုင့်အနားသို့သွားလိုက်သည်
ခိုင်ကဆေးသေတ္တာလေးဖွင့်တာ
ဂွမ်းထုတ်ရှာနေပုံ"ခိုင်ကသိပ်ဆွဲဆောင်နိုင်တုန်းပဲနော်"
ခိုင်မောင့်ဘက်သို့လှည့်ကာ
"မောင်ကချစ်တဲ့မျက်လုံးနဲ့ကြည့်လို့နေမာပေါ့"
"အတည်ပြောတာ ခိုင်ကခိုင်ပဲလေ
ချစ်ဖို့ကောင်းတယ် ဆွဲဆောင်နိုင်တယ်""ကဲ ပေးလက်ကို ဆေးထည့်မယ်"
"အရင်ကတိုင်းပဲခိုင်သည်လိုစကားကိုရှောင်တုန်း"
"ခိုင်ရှက်တယ်မောင်"
"မောင်ဖက်ထားမယ်လေ"
"မောင် သေချင်လို့လား ခိုင်သူငယ်ချင်းတောင်မလုပ်ပဲနေမာနော်"
"ဒါဆို တပွဲလောက်နွှဲကြမလား စေ့စပ်ပွဲဖြစ်ဖြစ်
လက်ထပ်ပွဲဖြစ်ဖြစ်လေ""မောင် ပါးစပ်ပိတ်
ခိုင်အာရုံနောက်ရင်ပတ်တီးခပ်ကြီးကြီးစည်းပေးပြစ်လိုက်မယ်"မောင်ရယ်လိုက်ကာ
"ဟုတ်ကဲ့ပါဗျ"
ပတ်တီးစည်းပေးပြီးတော့မောင့်ခုံမှာထိုင်နေလိုက်သည်
"မောင် ဆေးလိပ်တေလျော့သောက်ပါ""မောင်အကျင့်ပါနေပြီ"
"မောင့်နှုတ်ခမ်းတေပြာနေတယ်
မကောင်းဘူးဆိုတာသိလား""ဒီလိုတွေသောက်တတ်တာ
ခိုင်ကြောင့်ပဲလေခိုင်ရဲ့""ခိုင့်ကြောင်မဟုတ်ပါဘူး
မောင့်အပြစ်တွေပါမောင်
မောင့်အကြောင်းမောင်သိပါ"မောင်တချက်တွေဝေမိသည်
ခိုင်ပြောတာမှန်သည်
မောင်ကိုယ်တိုင်လုပ်ခဲ့သည်ပဲ"မောင်ပြန်တော့မယ်ခိုင်"
"အင်း သဘောပါ"
"ဟုတ်ကဲ့ခိုင်"
မောင်ထိုဆေးရုံမှထွက်လာမိသည်
မောင့်စိတ်တေမွန်းကျပ်သည်
အသက်ပင်မနည်းလုရှူနေရသည့်အခိုက်အတန့်မို့ကမ်းနားလမ်းကခုံတန်းတခုနားတွင်
မောင်ဆိုင်ကယ်လေးရပ်ကာ
ဧရာဝတီမြစ်အားကြည့်မိသည်မောင်တို့တောင်အသက်ကြီးလာပါပြီလားခိုင်ရယ်
raindepamaung
![](https://img.wattpad.com/cover/348009253-288-k613803.jpg)