ငြိသည် တွယ်သည် ချစ်သည် ခိုင်
"ဟင် ခိုင်!!"
ထိုမျှသာထွက်မိသည်
စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း
အို ကုန်ကုန်ပြောရရင်အချိန်တိုင်း
လွမ်းနေရသောသူ
ခိုင်မြတ်ချယ်မောင်သည်ခိုင့်ကိုတချက်မှမျက်တောင်မခတ်သည့်တိုင်
ကြည့်နေမိသည် အများကြီးလွမ်းနေခဲ့ရသည်မလားခိုင်မှဟုတ်ပ့ဟုတ်ပါလေမလား
ခိုင်ကမောင့်ရှေ့နောက်တခါထပ်ရောက်လာခဲ့သည်တဲ့လား
မောင်အိမ်မက်မက်နေသည်လား
မောင့်ကိုမောင်ပင်မယုံခိုင်သည်မောင့်ဆီသို့လျှောက်လာကာ
မောင့်ရှေ့၌ရပ်ပြီး"ဘာဖစ်လာတာလဲ လက်က
လာရှေ့ကိုတိုး"မောင်တိုးလိုက်သည်
"ချွတ် အင်ကျီကို"
"ဟင် ခဗျာ!"
မောင်ယောင်ယမ်းကာ
အော်မိလိုက်သည်"လက်မောင်းမှာဒဏ်ရာက
ဆေးထည့်ရမှာလေ
ဒါကြောင့်ချွတ်ဆိုနေ""ဪ ဟုတ်ဟုတ်"
မောင်သည်ယောက်ျားတယောက်မဟုတ်သည်မို့
အနည်းငယ်တော့ကြောင်အမ်းမိသည်
ဒါမဲ့အောက်ကရှပ်အဝါတထပ်ခံဝတ်ထားမိသည်မို့
တော်သေးသည်ထို့နောက်ခိုင်သည်မောင့်လက်မောင်အား
ဖွဖွကိုင်ကာ ဆေးကိုသေချာထည့်ပေးသည်မောင်ခိုင့်ကိုအသေအချာကြည့်မိသည်
ခုထိပင်မယုံသေး
ခိုင်မျက်ဝန်းတွေသည်အရင်ကလိုပင်
ဆွဲအောင်နိုင်အားများသည်
ညို့နိုင်လွန်းသည်
ပါးနုနုဟာအရင်ကလိုခပ်ရဲရဲနှင့်ခိုင်ဒဏ်ရာကိုသာကြည့်နေသည်မို့
မောင်ငေးနေသည်ကိုမသိ
မောင်သည်ခိုင့်မျက်နှာနုနုကိုလည်း
အကြည့်မခွာနိုင်ပေ'ရပြီ ရေမစိုစေနဲ့
ညကျဆေးသေချာထည့်ပါ"မောင်ခိုင့်ကိုကြည့်လိုက်ကာ
"ခိုင်ကအများကြီးချစ်ဖို့ကောင်းတယ်"
ခိုင်ကဖွဖွလေးရယ်ကာ
"ခုထိအရင်လိုဒီစကားပြောတုန်းပါလားမောင်"
"မောင်ခိုင့်ကိုအများကြီးလွမ်းနေတာသိလား
မောင့်ကိုခိုင်နည်းနည်းလေးတောင်မလွမ်းခဲ့ဘူးမလား"မောင်မျက်ရည်ပင်မထိန်းနိုင်တော့
ငိုမိကာပြောလိုက်လေသည်"ဒီလိုစကားတွေမပြောနဲ့
ခုချိန်မာခိုင်ဒါတွေကိုမပြောချင်ဘူးမောင်""ဘာလို့မပြောရမှာလဲ
အများကြီးလွမ်းနေခဲ့တာလေ
မရူးရုံတမယ် အသက်ရှင်နေရတာခိုင်ရဲ့""မငိုနဲ့မောင် စကားပြောရအောင်
အပြင်ကိုသွားကြမယ်လာ""ဟုတ်ကဲ့ ခိုင့်သဘောပါ"
ခိုင်သည်ဆေးရုံနားက ကဖေးတခုဆီ
ခေါ်လာခဲ့သည်
လူတော့သိပ်မရှိလှ၍ တိတ်ဆိတ်သည်ထောင့်စွန်းစွန်းဝိုင်သိုရွေးထိုင်တာ
ခိုင်ကမောင့်တွက်ကော်ဖီတခွက်မှာပေးသည်မောင်တငုံမျှသောက်ပြီး
ခိုင်ကစကားစ၏"ဘာတွေလုပ်ဖြစ်နေသလဲမောင်"
"မောင်ဖြစ်ချင်တဲ့ရှေ့နေလုပ်နေတာပါမောင့်ခိုင်"
"သူများအရိပ်အောက်မှာရှိနေတဲ့နာမ်စားမျိုးခိုင်မကြိုက်ဘူးမောင်"
"အင်း မောင်တောင်းပန်ပါတယ် မောင့်ခိုင်
အမ်း sorry ခိုင်လို့ပြောတာ"ခိုင်ကတချက်ပြုံးလိုက်သည်
"ခိုင့်ကိုမောင်သည်လိုဆရာဝန်ဖြစ်စေချင်ခဲ့တာ
ခိုင့်ကိုအများကြီးမျှော်လင့်ထားခဲ့တာ
မောင့်ကိုစိတ်မပျက်စေဘူးပဲ""အင်းပါ ခိုင်ကအရင်လိုတော့မဟုတ်တော့ဘူးလေ"
"မောင်သိပါတယ် ခိုင်ကအရင်ကလိုချစ်ဖို့ကောင်းနေဆဲ
သဘောကျဖို့ကောင်းနေဆဲပဲလေ""ရိန်းဒီပမောင်ကစကားတတ်တာသိပါတယ်"
"မောင်ကစကားမတတ်ပါဘူး
ခိုင့်ကိုမြင်ရင်ဒီစကားတွေကသူ့ဘာသာသူထွက်လာတာ""ရှေ့နေတယောက်ပြောတဲ့စကားကိုခိုင်ကယုံရမှာလား"
"ဟင် ဘာလို့လဲ ရှေ့နေဖြစ်တာ ဘာဖစ်လို့လဲ"
"ရှေ့နေတွေကလိမ်တတ်တယ်လေ မောင်ရဲ့"
"မောင်ကခိုင်တွေ့ဖူးတဲ့ရှေ့နေမှမဟုတ်ပဲခိုင်"
လို့ဆိုကာခိုင့်မျက်နှာနုနုအားစိုက်ကြည့်မိသည်
ခိုင်သည်လည်းမောင့်အားကြည့်နေခဲ့သည်#raindepamaung
![](https://img.wattpad.com/cover/348009253-288-k613803.jpg)