"Baeကိုယ့်ကိုကြည့်စမ်း...မင်းကလေးဆိုတာသေချာလား...ပြောစမ်း!!"

တင်းမာလာတဲ့လေထုနဲ့အတူ မာန်ပါတဲ့ဉီးရဲ့စကားသံကြောင့် သူ့မှာဒူးထောက်လုမတတ်။ သူ့ပါးစပ်ကမထွက်ရက်ဘူး သူလိမ်မိလို့ သူ...တောင်းပန်ပါတယ်... ဉီး...

"မဖြေဘူးပေါ့။ ငါမင်းကိုယုံကြည်ပေးမယ် ဝမ်ရိပေါ်။ ဆက်ဆံရေးတစ်ခုမှာ ယုံကြည်မှုကအရေးပါသလို ပွင့်လင်းမှုကလည်း အရေးပါတယ်"

သူ့ကိုအနာကျင်ရဆုံးက ကလေးငယ်ရဲ့မျက်ရည်တွေပဲ။ ကိုယ့်ဒေါသတွေကို ခဝါချပေးပါ့မယ်။ကိုယ်တို့လက်ထပ်ဖို့အတွက် မင်းအချိန်လိုအပ်သေးတယ်။
.
.
Baeရဲ့ သွေးသားတဲ့လား...ဖောက်ပြန်လေခြင်းလို့ စွပ်စွဲရအောင် bae၏ အတိတ်မှတ်ဉာဏ်ထဲတွင် သူ မပါဝင်ခဲ့...ဗလာ...တကယ့်ကို သူက အခွံပဲကျန်ခဲ့တာ...

"အား...ခွမ်း...!!"

အရက်တွေသောက်ရင် ဒေါသအရှိန်ကြောင့် ဖန်ခွက်တွေကိုပါ ပစ်ချနေသောဉီးဘေးကို သူရောက်သွားမိတယ်..

"ဉီး..."

သူကိုဖက်လို့ အော်ဟစ်ငိုကြွေးနေသော ဉီး...။ နာကျင်စေမိလို့ တောင်းပန်ပါတယ် ဉီး။ ခဏတာပါပဲ...ပြီးရင် ကျွန်တော်တို့ဟာ မိသားစုတွေဖြစ်လာမှာ။သူရွေးချယ်ခဲ့တယ် ဉီးတစ်​ေယာက်ကိုသာ...

သူမှတ်မိခဲ့ပါတယ် အရင်ကဉီးနဲ့အတူ သူ့ရဲ့မွေးရပ်မြေက မိဘမဲ့ဂေဟာကိုသွားလည်တော့ ဉီး၏ဖြူစင်တဲ့အပြုံးတွေကို။ကျွန်တော် ဉီးနဲ့ ချက်ချင်းလက်ထပ်လို့မရဘူး။ ဒါပေမဲ့လည်း မထွက်သွားပါဘူး။ ကျွန်တော် ကတိတည်တယ်မှတ်လား?...ဒီကလေးရဲ့မိဘဟာ ကျွန်တော်နဲ့ဉီး ဖြစ်​ေစရမယ်...ခဏတာ အတ္တကြီးပါရစေ...တောင်းပန်ပါတယ်။

>>>>

"အဲလစ် မင်းကတိတည်ဖို့ မျှော်လင့်ပါတယ်"

"ဒါပေါ့ မောင်ရဲ့ ကလေးမွေးပြီးရင်ထွက်သွားပေးမယ်"

"ပြီးတော့ ငါ့ကို မောင်လို့မခေါ်ပါနဲ့"

ဟွန့်...မရှိတဲ့ ကလေးကို အကြောင်းပြလို့ ကပ်တွယ်ခဲ့ပေမဲ့။ သူ့ကလေးလို့ ပြောကာ အိမ်ပေါ်ခေါ်တင်ထားတဲ့ ငအကောင်။ ဟက်...မိသားစုတဲ့လား။ ကတိ...ဟုတ်တာပေါ့...အဖေနေရာတွင် ဝမ်ရိပေါ်နာမည်ရှိစေရမယ်...အဲ့အစား ဒီကလေးက သူတို့နှစ်ယောက်ရဲ့ကလေး သူမကိုထွက်သွားပေးဖို့ တောင်းဆိုခဲ့တယ်။

Sean's Adorer (Complete) Tempat cerita menjadi hidup. Temukan sekarang