"စကားတွေအရမ်းမတတ်ပြပါနဲ့၊  ကြင်ယာတော်လေး ပင်ပန်းနေတာ ကိုယ်သဘောမကျဘူး"

"တကယ်တော့ အရှင့်ကိုအရမ်းလွမ်းနေခဲ့တာပါ... အရမ်းပင်ပန်းလို့ ဖက်ထားပေးစေချင်နေပေမယ့် သုတေသနခန်းထဲကနေလည်း ထွက်မလာနိုင်ဘူးဖြစ်နေတာ"

"ညောင်းကိုက်နေမှာပေါ့ ကိုယ်နှိပ်ပေးမယ်"

အရှင်က သူ့ပုခုံးလေးများကို ဖွဖွညင်သာနှိပ်နှယ်ပေးလာသည်။ လက်မောင်းနှစ်ဖက်ကိုလည်း ဆွဲယူပွတ်သပ်ပေးရင်း သူ့ဂုတ်ပိုးလေးကို နမ်းရှိုက်လာပြန်၏။

"အညောင်းတွေပြေသွားတာပဲ.... အရှင် ကျွန်တော်အိပ်ချင်နေပြီ သိလား..."

"အင်း... အိပ်လိုက်လေ... ကိုယ်ပွေ့ချီပြီးခေါ်သွားပေးမယ်"

အရှင့်ရဲ့ ရင်ခွင်ကျယ်ကြီးကို ကျောမှီချလိုက်ရင်း ခပ်လေးလေးဖြစ်နေသော မျက်လုံးတို့ကို မှေးမှိတ်ထားလိုက်သည်။ သူ့တစ်ကိုယ်လုံးကို ပွတ်သပ်ပေးကာ အတန်ကြာရေစိမ်ပြီးမှ အရှင်က သူ့ကိုပွေ့ယူချီမရင်း တဘတ်ဖြင့်လုံးထွေးလိုက်သည်။

အိပ်မောကျခါနီးမို့ ရေသုတ်ပေးတာကိုရော၊ အဝတ်အစားလဲပေးတာကိုရော အရှင့်ကိုမှီတွယ်ရင်းသာ ခံယူနေလိုက်သည်။

အားလုံးပြီးသွားဝောာ့မှ ရွှေရောင်အိပ်ယာထက်အသာချပေးလာသည်။

အိပ်ချင်မူးတူးဖြစ်နေသော်လည်း Louis မမေ့မလျော့ပင်

"အရှင် ကျွန်တော့်ကို နွေးအောင်လုပ်ပေးပါနော်"

"အင်း"

နဖူးစပ်မှ ခပ်ဖွဖွအထိအတွေ့နှင့်အတူ သူ့တစ်ကိုယ်လုံး အရှင့်ရင်ခွင်ထဲ နွေးထွေးသွားရသည်။ အရှင့်လက်မောင်းပေါ် ခေါင်းအုံးထားရင်းမှ ပိုတိုး၍ ဖက်လိုက်သည်။

'ကျွန်တော့်ရဲ့ အရှင်က သိပ်နွေးတာ'

***

"အားလုံး အဆိုးဖက်ပြနေပါပြီ အရှင်မင်းကြီး... ကောက်ပဲသီးနှံတွေကိုလည်းအချိန်မှီမရိတ်သိမ်းနိုင်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုက အရမ်းကြီးမားပါတယ်၊ ဒီနှစ်က မိုးများလွန်းတော့ ပြည်သူတွေအတွက် ဆန်လုံလောက်မှုရှိမှာမဟုတ်ပါဘူး"

FOREVER [Complete✅]Where stories live. Discover now