Part 21

88 3 0
                                    


ကလေးပေါက်စလေးကို ချီ‌ထားသလိုမျိုး Louis သူ့ရင်ခွင်ကျယ်ကြီးဆီ မျက်နှာအပ်ပြီး ငြိမ်ကုပ်လျှက်လိုက်ပါလာခဲ့၏။

အရှင်က မျက်နှာတည်နေတာမို့ ဘာမှလဲထပ်မပြောရဲ၊ ပန်းနန်းဆောင်ထဲသို့ရောက်တော့လည်း ရေချိုးကန်ဆီသို့ တန်းသွားလိုက်ပြန်သည်။ ရေချိုးကန်က ရေအပြည့်ရှိနေပြီး ရေနွေးငွေ့လေးများပါထွက်နေ၏။
အရှင်က သူ့ကို ရေချိုးကန်ထဲ ထိုင်ရက်လေးချပေးလိုက်တာမို့ Louis မျက်လုံးဝိုင်းလေးများဖြင့်မော့ကြည့်ပြီး ဘာမှတော့မပြောမိ။

အပေါ်ဝတ်ရုံရှည်ကိုချွတ်ချပစ်လိုက်ပြီး အရှင်ကပါ ရေချိုးကန်ထဲဝင်လာသည်၊ ရေစိုနေပြီဖြစ်သော အဝတ်အစားတို့ကို ချွတ်ယူရင်း သူ့ခန္ဓာကိုယ်လေးကို အရှင်က ဆွဲလှည့်ပစ်လိုက်တာမို့ Louis ကျောလေးက အရှင့်ရှေ့မှာ ကပ်ရပ်သားဖြစ်သွားသည်။

သူ့ကိုယ်ကိုဆွဲဖက်ထားရင်း ပုခုံးသားတွေထက် အရှင်ကမှေးတင်လာ၏။ ဘာမှမပြောပဲ အတန်ကြာသည်အထိတိတ်ဆိတ်နေတာမို့ Louis မနေတတ်တော့ပေ၊

"အရှင်....."

"အင်း"

"စိတ်ဆိုးနေတာလားဟင်.."

"အင်း"

"စိတ်မဆိုးပါနဲ့တော့နော်.... ကျွန်တော်က ဂရုမစိုက်မိလိုက်ဘူးဖြစ်သွားတယ်... နောက်ကို ဒါမျိုးထပ်မလုပ်တော့ပါဘူး"

"အင်း"

"အရှင်... လို့"

Louis သူ့ပုခုံးမှာမှေးတင်ထားသော အရှင့်မျက်နှာချောချောအား လက်ဖြင့်ခပ်ဖွဖွထိတွေ့လိုက်သည်။ နောက်ပြန်အနေအထားဖြင့် လှည့်ကြည့်နေရင်းမှ အရှင့်ပါးပြင်အား သူ့နှုတ်ခမ်းဖြင့်ထိကပ်လိုက်၏။

"ကျွန်တော့်ကို စကားမပြောချင်တော့ဘူးလားဟင်... အရှင်စိတ်ဆိုးပြေအောင် ဘာလုပ်ပေးရမလဲ..."

"ကိုယ်က... ကိုယ်က မင်းကိုစိတ်ဆိုးနေတာမဟုတ်ပါဘူး... မင်းကို မကူညီပေးနိုင်လို့ ကိုယ့်ကိုယ်ကို စိတ်တိုနေတာ"

"အရှင်ရယ်... အခုတောင် အရမ်းချစ်နေပြီးသားပါ..  ဒါမျိုးတွေပြောနေရင် ကျွန်တော်အရှင့်ကိုထပ်ချစ်ရပြန်အုံးမယ်.... ကျွန်တော့်စိတ်နဲ့ခန္ဓာနှစ်ခုလုံး အရှင့်ကိုချစ်တဲ့အချစ်တွေနဲ့ ပြည့်နေပြီးပါပြီ...."

FOREVER [Complete✅]Όπου ζουν οι ιστορίες. Ανακάλυψε τώρα