စည်းချက်မညီသော ရင်ခုန်သံ Part8

ابدأ من البداية
                                    

" ဘာကွ! ငါ့ကို ကလေး သူခိုး ဟုတ်လား "

ကလေးသူခိုး လို့ အပြောခံရတာကြောင့် မာန်, ဒေါသထွက်သွားရပြီး၊ စကားသံလည်း ကျယ်လောင်သွားရသည်။အဲ့ဒီအခါ ပေါင်ပေါ်မှာ အိပ်နေတဲ့ သားရဲ့ကိုယ်လေးကလူးလွန့်လာတာမို့... ကိုယ့်ဒေါသ ကိုယ်ပြန်ပြီး အရှိန်သတ်ရတယ်။

" ရှင် အခု ဘယ်နေရာမှာလဲ... အခု ရှင်ရောက်နေတဲ့နေရာမှာ ရပ်နေလိုက်။ဒြာ အခု သားကိုလာခေါ်မယ် "

" ငါ့သားကို ငါနဲ့အဝေးဆီခေါ်သွားဖို့ လုပ်နေတဲ့ မင်းဆီကို ပြန်ထည့်မပေးနိုင်ဘူး "

" ဒြာ က သားကိုဘယ်ကိုခေါ်သွားဖို့လုပ်နေလို့လဲ။ရှင် မဟုတ်တာတွေ ပြောမနေဘဲနဲ့ ... ရှင်ရောက်နေတဲ့နေရာကိုသာ ဒြာ့ကိုပြော "

" မင်းကသာ မဟုတ်တာကိုပြောနေတာ မဟုတ်ဘူးလား။ငါ့ဆီကနေ ထွက်ပြေးဖို့ ရှယ်ယာတွေပြန်ထုတ်နေတယ်ဆိုတာ ငါ မသိဘူးထင်နေတာလား လင်းသုဒြာ "

သူ့စကားကြောင့် ဒြာ,သားနဲ့အတူ သူ့ဆီကနေ ထွက်ပြေးဖို့ လုပ်နေတယ်ဆိုတာကို သိသွားပြီမှန်း သိလိုက်ရသည်။

" ရှင်သိသွားမှတော့ ဒြာ လိမ်စရာမလိုတော့ဘူးပေါ့။ဟုတ်တယ် ဒြာ ရှင့်နဲ့အဝေးဆုံးကို ထွက်သွားမလို့.. ဘာလို့လဲ မမေးနဲ့။သားက ရှင့်သား မဟုတ်လို့ဘဲ "

" လင်းသု ဒြာ... "

မာန်, ဒေါသကြောင့် သတိလက်လွတ် အော်မိတော့မလို့ကို သားကိုသတိရသွားတာမို့... အသံကိုလျှော့လိုက်ရသည်။

" မင်း အခုလိုမျိုး ​ငါ့ကို ဒေါသထွက်အောင်လုပ်လေ သားနဲ့မင်းဝေးလေပဲဆိုတာ မှတ်ထား။ငါ အခု ရန်ကုန်ကိုဆင်းနေတာ။သားကိုတွေ့ချင်တယ်၊သားနဲ့အတူနေချင်တယ်ဆိုရင် ရန်ကုန်ကိုလိုက်လာခဲ့ "

" ဘာ...! "

" တစ်ခုတော့ရှိတယ်။ရန်ကုန်ကို ဒီတိုင်းလိုက်လာရုံနဲ့တော့ မင်း သားကိုတွေ့ရမှာ မဟုတ်သလို၊သားနဲ့လည်းအတူနေရမှာ မဟုတ်ဘူး။ငါ့ရဲ့ဇနီးအဖြစ်နဲ့နေမယ်ဆိုမှ သားနဲ့တွေ့ခွင့်ရော၊နေခွင့်ရောရမယ် "

" ဦးအဂ္ဂမာန်! ရှင် သိပ်တရားမလွန်နဲ့! ဒြာ့ သားကိုအခု ပြန်ပေး! "

စည်းချက်မညီသော ရင်ခုန်သံ حيث تعيش القصص. اكتشف الآن