" ငါ့ကြောင့်... ငါကြောင့်..ငါတို့ရင်သွေးလေး ဆုံးရှုံးရတာ..ဒယ်ဒီ မင်းရှိနေမှန်းမသိခဲ့လို့ပါ ကလေးရယ်..ဒယ်ဒီ တကယ်မသိခဲ့လို့ပါ..ဒယ်ဒီ့အမှားကြောင့် ကလေးလေး ပျက်စီးသွားရတာ..ဒယ်ဒီ့ကို ခွင့်မလွှတ်ပါနဲ့ ကလေးရယ်..ဒယ်ဒီတောင်းပန်ပါတယ်.."


ထယ်ယောင်းက ကိုယ့်ရင်သွေးကို ကိုယ်ပြန်သတ်မိပြီဆိုတဲ့စိတ်ကြီးနဲ့ အရမ်းဝမ်းနည်းလာသည်။


" အားး ငါကွာ... ထယ်ယောင်း မင်းကြောင့်ကွ.. မင်းကြောင့် မင်းကလေးသေရတာ မင်းကလေးကို မင်းသတ်တာကွ!! "



"ဒုန်း! ဒုန်း! "



ကြမ်းပြင်ကို လက်သီးနဲ့ နှစ်ချက်ဆင့်ထိုးကာ သည်းသည်းထန်ထန်ငိုကြွေးနေမိသည်။အသားနာတာထက် ရင်ဘတ်ထဲက ပိုနာ၏။


အချိန်ကြာတဲ့အထိငိုပြီးမှ မျက်ရည်များကိုသုတ်ကာ နားနေခန်းထဲကနေထွက်လာခဲ့လိုပ်သည်။သူကိုပို့ကို နှစ်သိမ့်ပေးရအုံးမှာ. ဝမ်းနည်းမနေအောင် ထွေးပွေ့ပေးရအုံးမှာ..ငိုထားလို့နီရဲနေတဲ့ မျက်လုံးတွေပျောက်အောင့် သန်စင်ခန်းထဲ အရင်ဝင်ကာ ဘေစင်ကရေနဲ့ မျက်နှာသစ်လိုက်သည်။မျက်နှာသစ်ပြီးတော့ မှန်မှာပေါ်နေတဲ့ သူ့ရဲ့ ပုံရိပ်ကိုစူးစိုက်ကြည့်လိုက်၏။



*မောင် တို့ရဲ့သွေးသားလေး ပျက်ကျသွားခဲ့လို့ ဝမ်းနည်းရပေမဲ့.. မောင် ဆက်ပြီးလုပ်ရမဲ့အရာကိုတော့ လုပ်ခွင့်ပြုပါကိုကို..*



~

~

~


ထယ်ယောင်း ကြပ်မတ်ဆောင်ထဲရောက်တော့ ကုတင်ပေါ်မှာ သတိမေ့နေတဲ့ကိုကို မျက်နှာလေးက ဖြူဖျော့နေပြီး သွေးမရှိတဲ့မတိုင်းပင် ..


" သားထယ်..လာ!.. ဒေါက်တာက ဘာဖြစ်တာလို့ပြောလဲ "


ချယ်ယောင်းက အခန်းတံခါးဝမှာရပ်ပြီး ကိုကို့ကို ကြည့်နေတဲ့ သူ့ကိုမြင်တော့ အနားကိုလာခိုင်းပြီး မေးလာ၏။


ထယ်ယောင်း ကိုကို့ရဲ့ မျက်နှာလေးကို တသ်ချက်ငေးကြည့်ပြီးမှ


" ကိုယ်ဝန်!...ကိုယ်ဝန်ပျက်ကျတာ မာမီ "

" ဘယ်လို! "


Dear Ko Ko ( Complete)Where stories live. Discover now