part 5

1.2K 39 2
                                        

မုန့်ဟင်းချက်ပီးပီမို့ ကလေးတွေစားဖို့ပြင်နေရင်း
ဧည့်သည်တွေလာခါနီးပီမို့မေမေကနှောင်းကို
ပြင်ဆင်ဖို့ပြောနေသည်။

"နှောင်းရေ ကျန်တာမေမေဆက်လုပ်လိုက်မယ်သမီး..ရေသွားချိုး ပြင်ဆင်တော့"

"ရေချိုးတာကဟုတ်ပါပီ..ဘာလို့ပြင်ရမှာလဲမေမေရဲ့ အိမ်ထဲမှာပဲနေနေတာကို"

"ညည်းနှယ်...ရှည်ရန်ကော
မေမေက ပြင်ဆို ပြင်လိုက်ပေါ့ မိနှောင်း"

"အင်းပါ..ဒါဆို နှောင်းရေချိုးတော့မယ်နော်"

အချိန်ကလဲ ၁၁နာရီ ထိုးတော့မည်မို့ နှောင်း
ခပ်သွက်သွက်ရေချိုးကာ သနပ်ခါလိမ်းလိုက်သည်။ နှောင်းအတွက် ကျောင်းပိတ်ရက် အလှပြင်ခြင်းမှာ သနပ်ခါးလိမ်းခြင်းဖြစ်ပီး
ပုံမှန်ရက်တွေမှာတော့ မျက်နှာပြောင်နဲ့ပဲ နေဖြစ်တာများသည်။

"ဟော... ခင်လေးတို့ရောက်လာကြပီ"
ကိုနေ့သစ်ရောမပါဘူးလား

"ဒီနေ့မှ ရာဘာခြံမှာကိစ္စပေါ်လာတာနဲ့ နယ်ခဏဆင်းသွားတယ်စိန်ရေ
အာ့တာကြောင့် သားနဲ့လာလိုက်တာ"

"အန်တီ ဒါက နှင်းဆီဖြူပင်ပါ
နှောင်းကြိုက်တယ်ဆိုလို့"

အမေရှေ့မှာ သမီးအကြိုက် လက်ဆောင်ထိုးပေးနေသော သားတော်မောင်ကို ဒေါ်ခင်လေး
တံတောင်နှင့်တွတ်ကာ စိန်စိန်ဘက်လှည့်ရင်း

"အဟင်း...သားကလေ.. နှောင်းဘာပန်းကြိုက်လဲမေးလို့..ညက ခင်လေး စိန်စိန်ဆီphဆက်မေးရတာပေါ့"

ညမှသိရ၍ ဝယ်လို့မမှီတာကြောင့် မနက် ၇ နာရီ
ကတည်းက နှင်းဆီဖြူပင် လိုက်ရှာဝယ်နေသော
သားတော်မောင်အကြောင်းကို ခင်လေးအားပြောပြလိုက်သည်။

"နှောင်းအားလုံးပြင်ပီးပီ..မေမေ..စားလို့ရပါပီ"

အသံမရောက်ခင် သနပ်ခါးနံ့ကအရင်ရောက်နေသောကြောင့် တည်မြဲ ရင်ခုန်သံတွေထိန်းမရချင်

.ကျွန်တော် နှောင်းနဲ့ စကားပြောမလို့
ခဏလောက် ခွင့်ပြုလို့ရမလား အန်တီ"

တည်မြဲအပြောကြောင့် နှောင်းမျက်ခုံးလေးပင့်ကာ

"စကားပြောတာ ဒီမှာလဲ ပြောလို့ရပါတယ်
ကိုတည်မြဲ"

ချစ်ခြင်းတရားတို့တည်ရှိရာ💜Where stories live. Discover now