ပိုင်ရှင်မသိအောင်ယူလာခဲ့တဲ့ ဓာတ်ပုံလေးကိုတစိမ့်စိမ့်ကြည့်မဝနိုင်သူကတည်မြဲ...
ကိုယ့်ဘဝထဲဝင်လာခဲ့ဖို့ ဖိတ်ခေါ်ချင်တယ်နှောင်းရယ်..
ဂစ်တာကောက်ယူကာ ဝရံတာဘက်ထွက်လာခဲ့တော့သည်။ ဂစ်တာကြိုးညှိ၍....
🎼🎼 နောက်လှည့်အကြည့်တစ်ချက်ချိုသာရုံလေး ညှို့မျက်ဝန်းရှင်ရယ်
မင်းပေးသွားတဲ့ရင်ဝေဒနာလဲ
စက္ကန်ရွေ့အမျှပါပဲ
ကလေးငယ်လို လိုလားမှုများစွာနဲ့ရယ်
တောင်းခံသူကို....
အချစ်တစ်ခြမ်းတစ်ဖဲ့ဖြစ်ဖြစ် စေတနာသဒ္ဒါ
သလောက်မျှခဲ့ပါ
အချစ်လမ်းတစ်ဝက်ဖြစ်ဖြစ် ကြင်နာနိုင်သလောက် ရွေ့လှမ်းပါ
အချစ်ပန်းတစ်ဝက်ဖြစ်ဖြစ် စာနာနိုင်သလောက်
စွန့်ခဲ့ပါ
နားနဲ့မနာ ဖဝါးနဲ့မနာ နှလုံးသားနဲ့နာတော်မူပါ
ပြောလှည့်ပါ ဟောလှည့်ပါ အချစ်တရားတစ်ပုဒ်
နာလိုသူမှာ
အတွေးများစွာ ပေးထားတာ အရှုံးအမြတ်အတွက် မရေရာသူမှာ
နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူတူ......🎼🎼
ခံစားချက်အပြည့်ဖြင့် သီဆိုနေသော သားဖြစ်သူကိုကြည့်ကာ
"ကိုကိုရေ....တော့်သား ဘာဖြစ်နေတာလဲ"
"ကိုယ်လဲမင်းနဲ့အတူတူထိုင်နေတာပဲလေကွာ
ကိုယ်ဘယ်သိမလဲ ခင်လေးရ"
"တော့်ကိုမေးရင် သိတာဘာရှိလဲ"
"မင်းကိုချစ်တာတော့ သိပါတယ်ကွာ"
ခုထိငယ်မူပြန်ချင်နေသော ယောကျ်ားကိုကြည့်ကာ ဒေါ်ခင်လေးတစ်ယောက် ရှက်ပြုံပြုံးမိသည်။ အိမ်ထောင်သက် ၃၀ ကျော်လာသော်လည်း သူမအပေါ် ခုထိအချစ်မလျော့သေးသောယောကျ်ားကိုလဲ ခင်လေးသိပ်ချစ်ရပါသည်။
"မေမေ"
"ဟော...သား ထိုင်ပါဦး..."
" ဘာတွေ feelနေတာလဲ ငါ့သား FAကောင်"
"ဟာဗျာ FAလို့ မနှိမ်ပါနဲ့ ဖေဖေရာ
ကျွန်တော်အခု FAဘဝက ကျွတ်ဖို့ မိန်းမလိုက်တောင်းပေး"
"ဗုဒ္ဓေါ.. ခင်လေး နားကြားမှားတာလားကိုကို"
"မမှားဘူး ခင်လေး ကိုကိုလဲ ကြားတယ်
ဘယ်က မိန်းကလေးလဲ တည်မြဲ ပြောပါဦး"
YOU ARE READING
ချစ်ခြင်းတရားတို့တည်ရှိရာ💜
Romanceအချစ်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြလဲဆိုတာ ကိုယ်မသိဘူး ရှင်နှောင်း သေချာတာတစ်ခုက ကိုယ့်ရဲ့ ဝင်သက်ထွက်သက်တိုင်းရဲ့ ဖြစ်တည်မှုဟာ မင်းပဲ တည်မြဲရာ.... သူချစ်ကိုပဲ ရှာမယ့်သူမို့ ကျွန်မကတော့ ကျွန်မရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းမယ့် သူမျိုးကိုပ...
