"ကျွန်တော် ပြန်မှတ်မိချင်တယ်...ကူညီပေးပါ ဉီး..."

ကျွန်တော်ရဲ့ဘဝအမှန်ကိုပြန်မှတ်မိချင်တယ်။ ကျွန်တော်ဟာ စစ်မှန်တဲ့မှတ်ဉာဏ်ကိုပိုင်ဆိုင်ချင်တယ်...

ဉီးတဲ့လား...ဒီခေါ်သံလေးကို မကြားရတော့ဘူး ထင်နေတာ...ကိုယ့်လိုလူကို ထပ်ယုံကြည်ပေးတာ ကျေးဇူးတင်ပါတယ်...

.
.
.

အိပ်ငွေ့အထူးကုဆရာနဲ့ပေးတွေ့ချိန်မှာ တစ်ခုခု ထူးခြားဖို့ကို မျှော်လင့်မိပါတယ်..

"ဒီအတောအတွင်း စွဲစွဲမြဲမြဲ လတိုင်းသောက်နေရတာရှိလား..."

"လကုန်ရက်တိုင်း အားဆေးဆိုပြီး တိုက်တာတော့ ရှိတယ်..."

"မဟုတ်မှ ဒီပုံထဲက ဆေးလား.."

အညိုရောင် ဆေးအကြည်တောက်လေး..ဒါလေးဟာ သူလတိုင်းသောက်နေရတဲ့ အားဆေးပဲ

"ဟုတ်တယ်.."

"ဒါက ဉီးနှောက် မှတ်ဉာဏ်အားနည်းဆေး နိုင်ငံရေးသမားအချို့သုံးတာများတယ်။ ကြာရင် ဉီးနှောက် nerves ကြောတွေကို ထိခိုက်စေနိုင်တယ်။ ဒီဆေးက ရေရှည်ဆို အဆိပ်ဖြစ်လာမှာ...ဒါကြောင့် စဉ်းစားရင် အြမဲခေါင်းကိုက်ပြီး သတိလစ်နေရတာ"

အပြန်လမ်းတွင် သူ့မှာအတွေးများနေရတယ်။ သူ့ရဲ့မှတ်ဉာဏ်မှာ dadက သူ့ကိုနွေးထွေးတယ်။ အစားအသောက်နဲ့နေစရာပေးတယ်...သူက သူမကိုချစ်တယ်တဲ့။ ဒါပေမဲ့ သူမမျက်ဝန်းတွေထဲမှာက အမုန်းတွေရှိတဲ့အပြင် သူ့ရဲ့စိတ်ကလဲ ဗလာပဲ...
.
.
.
"မမလေးကို ဝန်ကြီးရှောင်က ကြိုခိုင်းလိုက်ပါတယ်..."

ဒီမြေဒီရေကိုပြန်လာခဲ့ပြီ။ကိုကို ကျွန်မလာပြီး...

"Dad.. မောင်ရော..."

"Seanစီမှာ..."

ဘာလို့လဲ သူသာမှတ်မိသွားခဲ့ရင် စီစဉ်ထားသမျှဟာ ပျက်စီးသွားမှာ။ သူမ သူ့ကိုလိုချင်တယ်။ ဝန်ကြီးရှောင်က seanစီက အာဏာကိုလိုချင်တယ်...ဒါဟာ သိပ်ကောင်းတဲ့တွဲဖက်မှုပဲ။

"ကျွန်မပြန်လာပြီလေ...သူ့ကိုခေါ်လိုက်"

"သူ သက်သေရှာနေတယ်"

Seanက angleကို ဒီအတိုင်းလွှတ်မယ်ထင်လား??ထိုအိမ်မှာ သူရဲ့မှောင်ခို လုပ်ငန်းသက်သေတွေကို ရှာဖို့အကောင်းဆုံးသူက ထိုကောင်လေးပဲလေ...

Sean's Adorer (Complete) Where stories live. Discover now