"ဟုတ်ကဲ့မေမေ"
မင်းဘက်က လက်ထပ်ဖို့ကြောက်နေလို့ မချစ်နိုင်ဘူးဆိုရင်တောင် နေရာမှာပဲရပ်နေပါနှောင်း
မင်းဆီ လာမယ့်ခြေလှမ်းအားလုံးကို
ကိုယ့်ဘက်ကပဲစလှမ်းပါမယ်..
မင်းကိုကိုယ် ဆုံးရှုံးမခံနိုင်ဘူး...
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
မနက်ဖန် ကျောင်းပိတ်ရက်တွင် မုန့်ဟင်ခါးချက်စားမည်မို့ လိုအပ်သည့်ပစ္စည်းများကို ဝယ်ရန်
ဒေါ်စိန်စံပယ် စျေးသို့ ထွက်လာခဲ့သည်။
လမ်းအဖြတ် ကားတစ်စီးက သူမကိုပွတ်တိုက်သွားသည်မို့ လန့်ဖြန့်ကာ နောက်ဆုတ်လိုက်မိသည်။
"ဘာဖြစ်သွားသေးလဲ အမကြီး"
"ဘာမှမဖြစ်ပါဘူး ရုတ်တရက်မို့လန့်သွားတာပါရှင်"
ကိုယ့်အာရုံနဲ့ကိုယ်မို့ ကားပိုင်ရှင်အားအခုမှမော့ကြည့်မိကာ
"ရှင်... ကိုမြတ်သာ"
"စံပယ်.... တကယ် စံပယ်လား"
ထိုစဥ်ကားပေါ်က အမျိုးသမီးတစ်ယောက်ဆင်းလာကာ
"ဘယ်သူလဲကိုကို...အသိတွေလား..
ဒီမှာ ရှင်ဘာဖြစ်သွားသေးလဲ
ရော့...ဒီမှာ...ပိုက်ဆံယူပီးဆေးခန်းပြလိုက်
သွားမယ်..ကိုကို.. ကလျာတို့နောက်ကျနေပီ"
ကားပေါ်သို့ ပြန်တက်သွားသောမိန်းမကိုတစ်ချက်ကြည့်ကာ
"ဒါကိုယ့် လိပ်စာကတ် စံပယ်
အချိန်ရရင် phဆက်ပေးပါ
သမီးလေးနဲ့လဲ တွေ့ချင်သေးတယ်
ခွင့်ပြုပါဦး"
".........."
လိပ်စာကတ်ကိုကြည့်လိုက်ရာ
Dr.မြတ်သာ (ခွဲစိတ်အထူးကုဆရာဝန်ကြီး)
အော်...ရှင်က ကျွန်မတို့သားအမိကို ထားခဲ့ပီး
အထူးကုဆရာဝန်ကြီးတောင်ဖြစ်နေပီလား..။
စိတ်ချ....ကိုမြတ်သာ ကျွန်မ အသက်ရှင်နေသေးတဲ့ တစ်လျှောက်လုံး သမီးကိုရှင်နဲ့ ဘယ်တော့မှ
တွေ့ခွင့်မပေးနိုင်ဘူး...။
အချစ်ကြီးလို့ အမြတ်ကြီးတယ်ပဲဆိုဆို မြတ်သာဟာသူမ အသက်လောက်ချစ်ခဲ့ရသူမို့ အခုအချိန်မှာတော့ မမြင်တွေ့ချင်လောက်အောင်မုန်းပါသည်။
"ဟော....ကြီးကြီးတောင်စျေးကပြန်လာပီ"
"သားတို့ဝိုင်းသယ်ပေးမယ် ကြီးကြီး"
"အမယ်...ရဲရင့် စာမကျက်ဘဲ လစ်ထွက်ချင်နေတာလား"
"နှောင်းရယ်...ညည်းလဲ ကလေးတွေကိုဆူဖို့ပဲ
တွေးနေ"
"မဟုတ်ပါဘူး..မေမေရယ်
ဘာတွေဝယ်လာတာလဲမေမေ "
ဒေါ်စိန်စံပယ် ကလေးတွေဘက်ကြည့်ကာ
.ဒီမှာလေ...ကျွန်မအချစ်တွေက
မုန့်ဟင်းခါးစားချင်တယ် ကြီးကြီးဆိုလို့
မနက်ဖန် မုန့်ဟင်းခါချက်မလို့"
"ရှင်တို့တွေက ကျုပ်အမေက သိမ်းပိုက်ထားကြတယ်ပေါ့လေ"
"မဟုတ်ပါဘူး တီချယ်နှောင်း
သားတို့က ကြီးကြီးလက်ရာစားချင်လို့
မနက်ဖန် အိမ်ကနေ ဘာမှမစားဘဲ အဝဆွဲကြမလို့"
"အမယ်လေး...ကေသာရယ် ကြားရဲ့လား
စကားတတ်လိုက်တဲ့ သာလိကာလေးတွေ"
"ဟုတ်ပါ့..နှောင်းရေ
အာ့ပါးစပ်တွေကိုသာ စာကျက်တဲ့နေရာအသုံးချရင် စာရနေလောက်ပီ
လေပေါမနေနဲ့...ရဲရင့် Physics Chapter 2တွက်ပီးပြန်လာပြ"
"အော် နှောင်းရေ
မနက်ဖန် မုန့်ဟင်းခါးစားဖို့ မေမေ့ သစ်ခွတို့ကိုဖိတ်ထားသေးတယ်
သူ့သားနဲ့လာလိမ့်မယ်"
ကြားသားမိုးကြိုး အိမ်ကို ယောကျ်ားလေး
ဧည့်သည်လာမယ်ဆို၍ နှောင်းမျက်စိတို့ပြူးကာ
မေမေ့ကိုကြည့်မိတော့
"စိတ်ချရတဲ့သူပါ မိနှောင်းရဲ့
ညည်း ဇီးကွက်လိုမျက်လုံးပြူးပြမနေပါနဲ့အေ
သွား...စာသွားသင်တော့"
တကယ်က သစ်ခွပြောသောစကားများ
ကြောင့် သမီးလေးကို သစ်ခွရဲ့သားနဲ့တွေ့ပေးဖို့
အကြံရကာ မုန့်ဟင်းခါးစားရန်ဖိတ်လိုက်ခြင်းပင်။ မေမေကတော့ သမီးလေးကို မေမေ့လို
အိမ်ထောင်ကွဲ မဖြစ်စေချင်ဘူးနှောင်း..။
မေမေ့ရွေးချယ်မှုကို..သမီးသဘောပေါက်လာမှာပါ...။
အပိုင်း ၅ မျှော်
သီချင်းလေးက ဘိုဘိုရဲ့ ညှို့မျက်ဝန်း ပါရှင်
သာသာ ကြိုက်လို့ထည့်ရေးထားတာပါ💜
BẠN ĐANG ĐỌC
ချစ်ခြင်းတရားတို့တည်ရှိရာ💜
Lãng mạnအချစ်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြလဲဆိုတာ ကိုယ်မသိဘူး ရှင်နှောင်း သေချာတာတစ်ခုက ကိုယ့်ရဲ့ ဝင်သက်ထွက်သက်တိုင်းရဲ့ ဖြစ်တည်မှုဟာ မင်းပဲ တည်မြဲရာ.... သူချစ်ကိုပဲ ရှာမယ့်သူမို့ ကျွန်မကတော့ ကျွန်မရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းမယ့် သူမျိုးကိုပ...
part 4
Bắt đầu từ đầu
