"နိုးနိုးတို့ကျောင်းက ဆရာမလေး နှောင်းတဲ့
ဒီမှာ ဓာတ်ပုံ မေမေ ကြည့်ကြည့်ပါဦး"

သားကမ်းပေးသော ဓာတ်ပုံကိုကြည့်ကာ
ဒေါ်ခင်လေး ယောကျ်ားဖြစ်သူအား အံ့သြစွာ
ကြည့်လျက်

"ကိုကို... ဒါ.. ဒါ"

"ဘာဖြစ်တာလဲ မိန်းမ. ကိုယ့်ကို ဓာတ်ပုံပြဦး"

"ဟာ... ဒါ စိန်စိန်သမီးမလား ခင်လေး"

"ဖေဖေတို့က နှောင်းကိုသိတာလား"

"သိရုံဘယ်ကမလဲ...အာ့တာ မေမေရည်ရွယ်ထားတဲ့ ချွေးမလောင်းလေးလေ"

"ဗျာ"

ကံတရားက ကိုယ့်ဘက်မှာရှိနေပီနှောင်း...

"ဒါပေမယ့်......"

မေမေရဲ့ ဒါပေမယ့်.ကြောင့် တည်မြဲ မျက်ခုံးတွန့်ကာ

"ဘာဖြစ်လို့လဲမေမေ"

"သား...နှောင်းကိုဖွင့်ပြောပီးပီလား"

မပြောရသေးဘူးမေမေ
ကျွန်တော်တို့ရင်းနှီးတာ ရက်ပိုင်းလောက်ပဲရှိသေးတယ်"

"သား လက်ထပ်ဖို့အထိရည်ရွယ်ထားတာလား"

"ဟုတ်တယ် မေမေ ကျွန်တော် နှောင်းကို
တကယ်ချစ်မိသွားတာ"

တည်မြဲ ရှက်​နေသည်မို့လက်ပင်းကိုလက်နှင့်ပွတ်ကာ

"မြင်မြင်ချင်း အချစ်ပေါ့မေမေ"

"အမလေး ငါ့သားလူပျိုကြီးရယ် ခုမှ ကဗျာဆန်နေတယ်"

"သားဘက်က အတည်ဆိုရင်တော့ နှောင်းအချစ်ကိုရဖို့ ကြိုးစားပေါ့"

" နှောင်းက သူ့မိဘတွေရဲ့ အိမ်ထောင်ရေးပြသာနာကြောင့် လက်ထပ်ဖို့ကို ကြောက်နေမှာ
သားဘက်က ဘာမှအတင်းအကျပ်မလုပ်မိစေနဲ့ "

နှောင်းလက်မခံရင် ကားတင်ပြေးဖို့ စဥ်းစားထားသည်ကို မေမေများရိပ်မိလေသလား..။
ဗေဒင်ဆရာမ လုပ်ပါလား မေမေရယ်ဟုသာ
ပြောလိုက်ချင်စိတ်ကိုထိန်းနေရသည်။

"သားအချစ်ကို အရိုးသားဆုံးဖွင့်ဟပါ
မေမေတို့က သားဘက်ကပါကွယ်
နှောင်းမိဘတွေရဲ့ အိမ်ထောင်ရေးပြသာနာ
ကတော့ သား နှောင်းကိုပဲမေးကြည့်ပါ
သမီးလေးသာ သားကိုသဘောကျလာရင်
သူပြောပြမှာပါ "

ချစ်ခြင်းတရားတို့တည်ရှိရာ💜Opowieści tętniące życiem. Odkryj je teraz