"ဘန်ကိုပိုဆိုးစေခဲ့တာကမာရီယာပဲ အရင်ကဆို မမဘက်မှာ ငါရှိနေပေမဲ့..ဟောင်ကောင်ဘက်ကို ငါပြောင်းရတော့ မမဘက်မှာဘယ်သူမှမရှိခဲ့ဘူး။ဘန်ရဲ့သရုပ်ဆောင်မှုထဲမှာ မင်းရော ငယ်ငယ်ကမမကို လူဆိုးလို့ထင်ခဲ့တာပဲလေ။ မမကမင်းကိုချစ်တယ်လို့ သူ့အသိမှာစွဲနေခဲ့တာ။ Leoနဲ့အတည်အလင်းတွဲချိန်မှာ သူမကဘန်ကိုစကားနည်းနည်းလွန်ခဲ့တယ်။အခုတော့သူမအမှားကိုလည်းသိခဲ့ပါပြီ။မင်းကိုကူညီဖို့ငါတို့ရှိနေမှာပါ။"

"ငါ့ကို ဆရာဝန်တစ်ယောက် မြန်မြန်ရှာပေး..."

.
.

"အကြောင်းအရင်းက ဘာလဲ?"

အတိတ်မေ့ပေမဲ့ အမူအကျင့်တွေက မူလအတိုင်းပဲ တစ်ခါတစ်လေ ကဲှဲပွားပမေဲ့ သူ့အရှေ့မှာတော့ အရင်ကbaeအတိုင်းပင်??

"ဒါက အရိုးရှင်းဆုံးပြောရရင် လူနာက အတိတ်အတုအယောင်ကို ထည့်သွင်းခံထားရပါတယ်"

"အတိတ်အတုအယောင်...ဘာကိုဆိုလိုတာလဲ?"

"ခေါင်းကိုထိခိုက်မိရင်တောင် အတိတ်မေ့ရင်ဆေးဝါးအကူအညီ ဒါမှမဟုတ် အိပ်ငွေ့ချတာတို့နဲ့ အမြန်ပြန်သတိရနိုင်ပေမဲ့။ အခုက... အင်း...သူပြန်သတိရပြီး မကြာခင် အိပ်ငွေ့ချခံရပြီး မှတ်ဉာဏ်တွေကို အကုန်ပြောင်းလဲခဲ့တာ။ သူက မူလအသွင်နဲ့လုံးဝကဲွဲပြားတဲ့ လူတစ်​ေယာက် အဖြစ်ကိုရောက်သွားတာ..."

"နာလား..."

"မှတ်မိနေတဲ့ အရာတွေကို ဖျောက်ဖျက်တဲ့အပြင် ပြန်စဉ်းစားလို့တောင် မရနိုင်သည့်အထိ မှတ်ဉာဏ်အတုအကြောင်းကို ခေါင်းထဲစွဲမြဲအောင် ရိုက်သွင်းထားတာ။အလွယ်ကူဆုံးရှင်းပြရရင် သူ့ရဲ့ငယ်ဘဝမှတ်ဉာဏ်တွေအထိအကုန်ပြောင်းလဲခဲ့တာ။ အခုချိန်မှာလူနာက အသွားအပြန်လမ်းလိုပဲ။မူလနဲ့လက်ရှိအပြုအမူ ကွာခြားလွန်းနေတယ် "

"ဘယ်လို ကုသလိုရနိုင်မလဲ?"

နှလုံးသားတဲ့လား...ဟက်....ဉီးနှောကျက မမှတ်မိရင်တောင် နှလုံးသားက စဲွဲမြဲနေအောင် မှတ်မိတယ်ပေါ့...

"အင့်...ဟင့်...နာတယ်"

လူးလွင့်လာတဲ့ကိုယ်ငယ်လေးကို ထွေးပွေ့ချော့မြူပေးမိတယ်။

Sean's Adorer (Complete) Where stories live. Discover now