ဖူကျန်လင်က သူ့နှလုံးသားထဲမှာ စိုးရိမ်စိတ်တွေ တင်းကြပ်နေတယ်။ သူက ဘောပင်ကိုဆွဲလိုက်ပြီး ကြမ်းပြင်ပေါ်ပစ်ပေါက်ချကာ သူ့ခြေထောက်နဲ့နင်းပြီး ခြေမွပစ်လိုက်တယ်။
"ဒါက ဘယ်လိုအမှိုက်လဲ? မင်း ဘာမှမသိဘူး။ အမှိုက်၊ အမှိုက်ပဲ!"

ငိုပြီးမောသွားတဲ့ကလေးဟာ မူလတုန်းက အိပ်ပျော်သွားခဲ့တယ်။ ဒိီအချိိန်မှာ ဖူကျန်လင်ရဲ့ရုတ်တရက်အော်ဟစ်သံကြောင့် ကလေးက လန့်သွားပြီး ထပ်ပြီးငိုကြွေးပြန်လေတဘ်။ အမျိုးသမီးက အမြန်အဝေးကိုပြေးဖို့ ကြိုးစားလိုက်တယ်။
"ကျ-ကျွန်မ ကလေးကို သွားကြည့်လိုက်ဦးမယ်"

ဖူကျန်လင်က သူမလက်မောင်းကိုဆွဲပြီး ကြမ်းပြင်ပေါ်တွန်းချလိုက်ကာ သူ့နှလုံးသားထဲက စိုးရိမ်ထိတ်လန့်မှုတွေအတွက် ထွက်ပေါက်ရှာလိုက်တယ်။
"မင်း ဘယ်သွားမလို့လဲ? မင်းလည်းပဲ အမှိုက်ပဲ။ အဲ့ဒါကြောင့် မင်းရဲ့သားလဲ—"

သူက ကလေးအခန်းကို ခြေလှမ်းကျဲနဲ့သွားတော့မယ့်အချိန်မှာ သူ့ကို အမြဲတမ်းနာခံခဲ့တဲ့ အမျိုးသမီးက ခေါင်းမော့လာပြီး သူ့ခြေထောက်ကို ဆွဲထားလေတယ်။
"သူ့ကို မလုပ်ပါနဲ့။ သူလည်းပဲ ရှင့်ရဲ့သားပဲလေ။ အဲ့အစား ကျွန်မကိုပဲ ရိုက်ပါ!"

ဖူကျန်လင်က လှည့်လာပြီး ကျိုးနေတဲ့ဘောပင်ကို ထောင့်ဘက်ကန်ထုတ်လိုက်ပြီး သူမကို ကြိမ်းမောင်းလိုက်တယ်။
"ဒီကလေးက တကယ်ပဲ ငါ့ကလေးဟုတ်ရဲ့လား? သူက ငါ့နဲ့မတူပါဘူး။ မင်း အပြင်မှာ လူရိုင်းတချို့နဲ့ ကမြင်းပြီးရလာတဲ့ကလေးလို့ပဲ ငါတော့ထင်တယ်။ မသာမ၊ မင်းကလေး ငိုနေတာကို တိတ်အောင်လုပ်စမ်း!"

သူက ကလေးကို ပြဿနာရှာဖို့ ရည်ရွယ်ချက်မရှိတော့တာကိုတွေ့တော့ အမျိုးသမီးက အမြန်ပဲထကာ ကလေးကိုချော့ဖို့ ပြေးသွားလိုက်တယ်။

ဖူကျန်လင်က ကြီးမားတဲ့အခန်းထဲမှာ တစ်ယောက်ထဲကျန်ခဲ့ပြီး သူ့ဆံပင်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ဆွဲလိုက်တယ်။ ကြော်နေတဲ့အသံနဲ့ အသားခုတ်နေတဲ့အသံက ဘေးခန်းကနေ ဆက်တိုက်ထွက်နေတယ်။ သူက တစ်ရှုးနှစ်ရွက်ကို လုံးခြေပြီး သူ့နားထဲ အကြမ်းပတမ်းထိုးထည့်လိုက်ပေမယ့် ဂနာမငြိမ်ဖြစ်နေတုန်းပါပဲ။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now