"ခင်ဗျားက ဘယ်သူလဲ?"

"ကိုယ်က baeရဲ့ ဉီးလေ..."

"ဉီး..."

"ဟုတ်တယ် မှတ်မိလား!"

မျှော်လင့်တကြီး မျက်ဝန်းတွေ...တလက်လက်တောက်ပနေသော မျက်လုံးတွေ...တံတိုင်းမွှေးပန်းနံ့...အာ့....ခေါင်းကိုက်လိုက်တာ...

"နာတယ်!!လွှတ်...မသိဘူး။ လူမှားနေတာ!!!"

သူဖက်ထားရာမှ အတင်းရုံးကန်လာသော ကိုယ်လေး...မင်းဘယ်လိုပဲ ပြောင်းလဲသွားပါစေ baeဟာ ကိုယ်ရဲ့ တစ်ယောက်ထဲသော မြတ်နိုးသူပဲ...ကိုယ်မမှတ်မိဘဲနေပါ့မလား...ဒီလီမွန်နံ့လေး၊ ဒီနှုတ်ခမ်း၊ ဒီမျက်ဝန်း၊ ဒီအသံ..အားလုံးဟာ...မနေ့တနေ့ကလိုပဲ..

"ကိုယ်...အမှားတွေပါ...ကိုယ့်ကြောင့်...အင့်"

"မငိုနဲ့လေ...ကျွန်တော် မချော့တတ်ဘူး"

ကျစ်...ပခုံးပေါ်မှောက်လို့ ငိုနေတဲ့သူ...ယောကျာ်းဖြစ်ပြီး မျက်ရည်လွယ်လိုက်တာ...ဟင်...ဘာလဲ ငါပါငိုနေတာလား။ ဘာလို့လဲ...ငါ...

သူဆံပင်ကို ခပ်ဖွဖွပွတ်သတ်ပေးမှုတွေ၊ ကျောပေါ်က နူးညံ့တဲ့ အငွေ့အသက်...ကိုယ့်ကိုမေ့နေရင်တောင် မင်းရဲ့အမူအကျင့်တွေက မပြောင်းလဲသေးဘူးပဲ...ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ် bae။

"ငိုလိုဝရင်လည်းဖယ်တော့ဗျာ...ချိန်းထားတာနောက်ကျနေပြီ"
.
.
.

ဖြုတ်ထားတဲ့ ကြယ်သီးတွေအာ အကုန်ပြန်တတ်ရ၍ ခါးတွင်ချည်နှောင်ခံထားရသော ကုတ်အကျီလက်ရှည်။Clubလာရဖို့ ရင်းလိုက်ရတာ အဖိုးကြီးအိုစတိုင်အဝတ်အစား​ေတွ။တော်သေးတာက သူ့ကရုပ်ခံလေးရှိတော့ ဘယ်လိုနေနေ ကြည့်ကောင်းနေတာပေါ့။

မျက်လုံးကဘာရယ်မဟုတ် dancing floor၌ အက ကနေသောလူတို့စဉ်ရောက်မိချိန်တွင်...

"ဘာလုပ်တာလဲ..ရှေ့ကဖယ်ပေး"

"ကိုယ့်ကိုပဲကြည့်.."

ကျစ်..တကယ်ပါပဲ ဒီအတိုင်းပျင်းလို့ခဏမျက်စိရောက်မိတာကို...

"ခင်ဗျားကိုဘာလို့ကြည့်ရမှာလဲ"

"အဟက်...ကိုယ်ကမင်းရည်စားလေး။သဝန်တိုတယ် ကိုယ့်တစ်ယောက်ထဲကိုပဲကြည့် မဟုတ်ရင်ကိုယ်မင်းကိုအပြစ်ပေးမှာ...ပြောစကားနားထောင်"

Sean's Adorer (Complete) Where stories live. Discover now