ထိုကောင်လေးသည် ဟက်..သူ့အာအဖေအရင်းလို သတ်မှတ်ထားသည်။ဘာမှမမှတ်မိတဲ့ အဖြူထည်မှတ်ဉာဏ်က အရောင်ဆိုးလွယ်တယ်လေ။Sean မင်းရဲ့အားနည်းချက်က ငါ့လက်ထဲမှာ ဘာတတ်နိုင်သေးလဲ??

Angleသည် အကျင့်ပြောင်းလဲနေပေမဲ့ စိတ်ဓာတ်ကတော့ ပြင်ရခက်တယ်။ သူ့ဘယ်လောက် ရန်ဖြစ်ဖြစ် လူသေတဲ့အထိမဟုတ် ။မကောင်းမှုဒုစရိုက်မှု မှန်သမျှကိုမလုပ်ပေ။ သူရဲ့ မှောင်ခိုလုပ်ငန်းကိုတောင် ထိုကောင်လေးက သဘောမကျပေ။ ကိုင်တွဲရခက်ပေမဲ့ အမြတ်များတဲ့ အရာလေးပဲလေ...

ဟက်!!သူရဲ့ နောက်ဆုံးဝှက်ဖဲလေးကတော့ seanအတွက် လက်ဆောင်ကောင်းလေးပေါ့...

.
.

"ကျွီ...ဒုန်း..."

Shit စောစောစီးစီး အကုသိုလ် လာတက်နေတာပဲ...​ေတာက်!!ငါ့သားလေး တစ်ခုခုဖြစ်လို့ကတော့ ညှာမယ်မထင်နဲ့!!

"ဒီမှာ...ဒေါက်!...ဒေါက်!...ဟိတ်လူ...ထွက်ခဲ့!!မထွက်လာဘူးပေါ့လေ.."

ကားမှန်ကိုခေါက်ကြည့်ပေမဲ့ ဘာမှတုန့်ပြန်မှုမရှိ...တောက်!!သူ့ဆိုင်ကယ်ရှေ့မှာ ကားကို ဘလိုင်းကြီး တိုးဝင်လာတဲ့ ထိုသူ။ တောင်းလည်းမတောင်းပန်ဘူး..ဟက်!..တွေ့ကြသေးတာပေါ့...helmetကိုချွတ်လို့ ကားမှန်ကို ရိုက်ခွဲမည့်အလုပ်တွင်...

"Bae..."

ကားပေါ်မှ ဆင်းလာတာက မနေ့ညက ဉီးလေးကြီး...

"နှာဘူးကောင်!!"

သူ့မှာလည်း baeနဲ့ ကျမှ နာမည်ကိုစုံလို့။ နေပါအုန်း အကျီပုံစံက ရှပ်အကျီအနီလက်ရှည်ကို အပေါ်ကြယ်သီးသုံးလုံးလောကျ မတပ်ထားသဖြင့် ညှက်ရိုးတွေကအထင်းသား။ ဘောင်းဘီကဂျင်းအမဲကိုမှအကျပ်ဖြစ်သဖြင့် သေးသွယ်တဲ့ခါးနဲ့လုံးဝန်းနေတဲ့တစ်နေရာ။ကျစ် ပေါင်မှာလဲအပေါက် အပြဲတွေနဲ့...ဒီလိုပုံစံနဲ့ barသွားမလို့လား...

"ဟာ့...ဘာလုပ်တာလဲ!!"

ကြောင်ဆိုးလေးတွေက ခပ်ကြမ်းကြမ်းကြိုက်မှတော့...တစ်ပွေ့စာခါးလေးကို ဆွဲမြှောက်လို့ ကားရှေ့ဖုံးပေါ်သို့ တင်မြှောက်လိုက်ကာ...

"သတိရနေတာ....ဘာလို့ အကြာကြီးပျောက်သွားတာလဲ?"

ဘာလို့ ရင်ဘက်ထဲက ဒီလောက်နာနေရတာလဲ...

Sean's Adorer (Complete) Where stories live. Discover now