" ဟော....တွေ့လားနူးနူး...မျောက်ကလေးတွေ...အစာကျွေးမလားသမီး.."

ထယ်ယောင်းက မေးလည်းမေး ဘေးက အစာရောင်းတဲ့ဆိုင်မှာ ငှက်ပျောသီးတစ်ဖီးသွားဝယ်လိုက်၏။

သမီးငယ်လက်ထဲတစ်လုံးတည့်ပေးပြီး...သူကတစ်လုံးယူကာ ကျန်တာကို ကိုကို့ကိုပေးလိုက်သည် ။

သူနဲ့ကိုကိုက မျောက်ကလေးတွေကို အစာကျွေးနေပေမဲ့ သူ့ကိုယ်ပေါ်က သမီးက ထူးထူးဆန်းဆန်းငြိမ်နေတာမို့ကြည့်လိုက်တော့..သူပေးတဲ့ငှက်ပျော်သီးကို မျောက်မကျွေးဘဲ အခွံမခွာဘဲ အလုံးလိုက်ကိုကိုက်နေ၏။ငှက်ပျော်သီးမှာ သွားရာသေးသေးလေးတွေထင်နေပြီး..သမီးပ သွားရာလေးတွေကနေ စုပ်ကာ တပြွတ်စ်ပြွတ်စ်နဲ့ အရသာခံနေသည်။နှုတ်ခမ်းပိစိလေးတွေက တလှုပ်လှုပ်နဲ့ ကိုက်လိုက် အရသာခံလိုက်နဲ့ တကယ့်လူကြီးလေးအတိုင်း...

" သမီးရယ်..အဲ့တာက မျောက်လေးတွေကိုကျွေးဖို့လေ..နူးနူးစားလို့မရဘူး.."

ထယ်ယောင်းက သမီးကိုက်နေတဲ့ ငှက်ပျောသီးကို ယူကာ ပြောလိုက်တော့ မျက်ရည်ဝဲဝဲလေးနဲ့ လက်ဝါးလေးဖြန့်ကာ ပြန်တောင်းနေ၏။

ကိုကိုကတော့ သူတို့သားအဖနှစ်ယောက်အခြေနေကို ကြည့်နေသည်။

" နူးနူး....မ‌စားရဘူးနော်...လိမ္မာပါတယ် ဒယ်ဒီ့သမီးက.."

နောက်ဆုံးတော့ ကင်မ်ဟာနူးတို့က လိုချင်တာ မရသဖြင့် မျက်လုံးဝိုင်းကြီးတွေကနေ မျက်ရည်ဥတွေလိမ့်ဆင်းလာသည်။

သားသမီးမျက်ရည်ကျရင် မိဘတွေက မကြည့်ရက်တာမို့ ငှက်ပျောသီးကို သေချာအခွံ့ခွာပေးလိုက်ပြီး သမီးငယ်ရဲ့လက်ထဲထည့်ပေးလိုက်တော့မှ မျက်နှာလေးပြုံးရွှင်လာ၏။

" ကြည့်!..အမျိုးမျိုးတတ်နိုင်တယ်နော် ကင်မ်ဟာနူး...ပြောပါအုံး သမီးက မျောက်ပေါက်လေးလား..ဟမ်!.. ‌မျောက်ပေါက်လေးရေ.."

ထယ်ယောင်းက ငှက်ပျောသီးကို တမြုံ့မြုံနဲ့ဝါးနေတဲ့ နူးနူးလေးရဲ့ပါးဖောင်းဖောင်းလေးကိုနမ်းကာ ပြောလိုက်တော့ နူးနူးလေးက ရယ်ပြနေ၏။မျောက်တွေကို လက်ညှိုးထိုးလိုက်..ငှက်ပျောသီးစားလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ကင်မ်ဟာနူး....

Dear Ko Ko ( Complete)Where stories live. Discover now