( ၆ ) ဟန်ဆောင်ခြင်းအနုပညာ

50 0 0
                                    


''ဟန်ဆောင်ခြင်းအနုပညာ''

***တစ်ချို့လူတွေက ဟန်ဆောင်မှု သိပ်ကောင်းကြတယ်။ ဒါပေမဲ့ သူတို့ဟန်ဆောင် နေတယ်ဆိုတာကို တစ်ဖက်လူကသိတယ် အကြောင်းတစ်စုံတစ်ရာကြောင့် မပြောဘဲဆက်လက် ပေါင်းသင်းတယ်။ သူတို့ကတော့ သူတို့ဟန်ဆောင်မှုကို တစ်ဖက်ကသိနေတယ်ဆိုတာကို သူတို့ကမသိကြဘူး။

***ယနေ့ခေတ်ကြီးမှာ ဟန်ဆောင်မျက်နှာဖုံးတွေက အရမ်းများပါတယ်။ ထိုက်သင့်သလောက်လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ဟန်ဆောင်မှုတွေက အရမ်းများလာတော့ ပတ်ဝန်းကျင်ကြီးက ခြောက်ကပ် သွေ့ခြောက်လာတယ် မစိုပြည်တော့ဘူး။ အရာရာဟာ မလွတ်လပ်တော့ဘူး။

***အရှိကို အရှိတိုင်းလက်မခံနိုင်လို့၊အမြဲတမ်း လူတွေ သတ်မှတ်ထားတဲ့ အဆင့်အတန်းတွေ မမှီမှာစိုးလို့၊ ပတ်ဝန်းကျင်မှာ မသိမ်ငယ်ရအောင်လို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးတို့ရန်မှ ကာကွယ်ကြရအောင် လူတွေဟာ ဟန်ဆောင်နေရတယ် ။

***အချို့တွေက သူတို့ရဲ့အလိုရမ္မက်တွေ ကြောင့် ဟန်ဆောင်ကြတယ်။ သူတို့ရဲ့အလိုဆန္ဒတွေကို မရရအောင်ရဖို့ ဟန်ဆောင်ကာ ပေါင်းသင်းကြတယ်။

***အချို့တွေက သူတို့ဟန်ဆောင်တာကို သူတို့ သိတယ် အခြားသူလည်းသိတယ်။ အခြားသူသိတာကိုလည်း သူတို့ ကိုယ်တိုင်သိတယ်။ ဒါတောင် ဆက်ဟန်ဆောင်ကြတယ်။ ပြောရလျှင်တော့ မျက်နှာပြောင်တိုက်တယ်ပေါ့။ အဲလိုလူတွေက အဆိုးဆုံးပါပဲ ။

***ဘာပဲဖြစ်ဖြစ် ဟန်ဆောင်မှုကင်းတာအကောင်းဆုံးပါပ။  ရိုးသားစွာဖြင့်ဆက်ဆံပါ ကြင်နာစွာ ပြောဆိုကြပါ။

*****စာဖတ်သူသူငယ်ချင်းများအားလုံး ဟန်ဆောင်မှုများ ကင်းရှင်းကြပါစေ။ ။

ရဲရင့်မာန်

( အမြင်မတူပါက လွတ်လပ်စွာဖြင့် သဘောထားကွဲလွဲမှုရှိသည်။ )

You've reached the end of published parts.

⏰ Last updated: Jul 23, 2023 ⏰

Add this story to your Library to get notified about new parts!

အတွေးစလေးများနှင့် ကခုန်ခြင်းWhere stories live. Discover now