သူတို့ကုတင်ဘေးမှာ ကလေးကုတင်လေးကပ်ပြီး မိသားစုသုံးယောက်လုံးအတူတူအိပ်ကြသည်။ထယ်ယောင်း..နိုးလာတာနဲ့ သမီးငယ်ရဲ့ ရှိတဲ့ဘက်တိုးသွားကာ အပေါ်ကနေအုပ်မိုးလိုက်သည်။

" ဒယ်ဒီ့ နူးနူးလေးရေ တစ်ယောက်တည်းဆော့နေတယ်ပေါ့..ဟုတ်လား...ဘူးး....ဘူးးးး.."

ထယ်ယောင်းက..ပြောပြီးတာနဲ့ နို့စို့လွန်လို့ပူဖောင်းနေတဲ့ ဗိုက်ပူပူလေးကို တဘူးဘူးမှုတ်ပေးလိုက်တော့ လက်မစုပ်မပြတ်ဘဲ သွားဖုံးလေးတွေပေါ်လာအောင်ရယ်နေတဲ့ နူးနူးလေး..

" ကြည့်!..အခုထိ လက်မကစုပ်တုန်း..ပါးပါးမြင်ရင် အဆူခံရမယ်နော်..နူးနူး.."

သူ့ပါးပါးအကြောင်းပြောတော့ လက်မစုပ်ရင်း..ရပ်ကာ သူ့ကိုပြူးကြောင်ကြောင်လေးကြည့်လာ၏။

" အာဂူးးး ဒယ်ဒီကြီးက အသည်းမယားတတ်ဘူးဆိုတော့..အဲ့လိုလာကြည့်နေတယ်ပေါ့..ဟုတ်လား!..ရွှတ်!.."

" အဲ!.."

" ကြည့်!..ရယ်တယ်ပေါ့..ဒီတစ်ခါ...မေးစေ့လေး....မန်... မန်..."

မေးစေ့သေးသေးလေးကို နှုတ်ခမ်းနှစ်လွှာကြားညှပ်ကာ အသံလေးထွက်အောင်‌လုပ်ပေးတော့ လက်သေးသေးလေးတွေက ထယ်ယောင်းမျက်နှာကို တွန်းကာ ပါးဖောင်းဖောင်းလေးတွေမို့တက်အောင် ရယ်နေတဲ့ဟာနူးလေး..ခြေထောက်ကလေးတွေကလည်းလှုပ်ခတ်နေကာ ထယ်ယောင်းရဲ့ရင်အုံကို တွန်းကန်နေသလိုပင်..

" ဒီလက်ကလေးတွေရောဘဲ..အပြစ်ပေးပေးရမယ် ..ပါးစပ်ထဲအမြဲထည့်နေလို့....အမ်း!..မန်!... မန်!.. "

လက်ဖျားလေးတွေကို ငုံပြီး အသံထွက်အောင်မြူနေတာကြောင့် ဟာနူးလေးမှာ မျက်လုံးလေးတွေမှိတ်ကျတဲ့အထိ ရယ်မြူးနေသည်။

" ဘူ~.."

" အဲ!.. ဘာသံလည်း!.."

ထယ်ယောင်းမြူနေရင်း..နူးနူးလေးက ဝမ်းသွားလိုက်တာမို့ အသံလေးထွက်လာတော့..နူးနူးလေးက ပြူးကြောင်ကြောင်လေးကကည့်လာပြီး...ထယ်ယောင်းကမေးလိုက်တော့....သူ့ကို ကြည့်ပြီး..မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ခြေထောက်လေးနှစ်ဖက်ကို မြောက်ထားတဲ့ နူးနူးလေး..

Dear Ko Ko ( Complete)حيث تعيش القصص. اكتشف الآن