( မင်း သဘောကျလား...)

သူ နောက်ဆုံးတွင် နှင်းဆီပန်းအီမိုဂျီများပို့နေခြင်းကို ရပ်တန့်လိုက်သည်။ ယီဟွေ့ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။

( သဘောကျပါတယ်... ငါ ဒိုရေမွန်ကို သဘောအကျဆုံးပဲ...)

မနီးမဝေးမှ ဟိုတယ်ခန်းထဲတွင် မက်ဆေ့တစ်စောင်လက်ခံရလိုက်သော ကျိုးကျင်ဟမ့်က "သဘောကျ" ဟူသောစကားလုံးကို စိုက်ကြည့်နေခဲ့သည်။ အရူးလေးက သူ့ကို သဘောကျသည်ဟု ပြောခဲ့သည်ကို သူ ပြန်တွေးနေမိသည်။ သူနှင့် ဒိုရေမွန် မည်သည်ကို ပိုသဘောကျကြောင်း မေးခဲ့စဉ်က အရူးလေးမှာ ထိုသဘောကျခြင်း နှစ်ခုက ကွဲပြားကြောင်း စိတ်လိုလက်ရ ရှင်းပြခဲ့သည်။

ထိုအကြောင်းပြန်တွေးမိသောအခါ သူ ရယ်လိုက်မိသည်။ ကျိုးကျင်ဟမ့်က ထိုအချိန်က အလွန် ကလေးဆန်ခဲ့ပေသည်။ သူက အရုပ်တစ်ရုပ်ကိုပါ သဝန်တိုနေမိပြီး ဝန်ခံရန် ငြင်းဆန်ခဲ့မိသည်။ သူ စောစော ဝန်ခံခဲ့သင့်ပေသည်။

‌ထိုနောက်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်လာခဲ့သည်က ရင်ကွဲဖွယ်ရာများဖြစ်၍ ထိုနေရာတွင်သာ ရပ်တန့်လိုက်ပြီး ဆက်လက်မတွေးတော့ပေ။ ခဏ စိတ်ငြိမ်အောင် နေလိုက်ပြီးသည့်နောက်တွင် ဖုန်းပြန်ကိုင်လိုက်ပြီး ထိုသတင်းအချက်အလက်များပေးသည့်လူကို ကျေးဇူးတင်စကားပြောလိုက်သည်။

" လူမမှားဘူးမလား ဟားဟား... ငါတစ်ချက် လှုပ်ရှားလိုက်တာနဲ့ မရှာနိုင်တဲ့သတင်းဆိုတာ မရှိပါဘူး..."

ထိုလူ၏အသံက ဂုဏ်ယူဝံ့ကြွားနေပုံပေါ်သည်။ ကျိုးကျင်ဟမ့်က သူပြောသည့်အတိုင်း နောက်က အလိုက်အထိုက်ဖြင့် ချီးကျူးပေးလိုက်သည်။ ဖုန်းချခါနီးတွင် ထိုလူက အတင်းအဖျင်းစပြောလာသည်။

" အဲဒီ ကျန်း ဘာလဲမသိဘူး သူက သခင်လေးကျိုးရဲ့ ပစ်မှတ်အသစ်လား..."

ကျိုးကျင်ဟမ့်က ခဏတွေးပြီးနောက် ပြန်ဖြေလိုက်သည်။

" ပစ်မှတ်အသစ်မဟုတ်ပါဘူး မူရင်းပစ်မှတ်ပါပဲ..."

ဝေ့ပေါ် အသုံးပြုလိုက်ချိန်မှစ၍ ယီဟွေ့၏ဘဝက ယခုနောက်ပိုင်းတွင် ပိုမိုသက်ဝင်လှုပ်ရှားလာသည်။

မျောလွင့်နေသော ပြာမှုန်များUnde poveștirile trăiesc. Descoperă acum