ဒေါက်! ဒေါက်! ဒေါက်!

"ဝင်ခဲ့ပါ"

ခွင့်ပြုချက်ပေးလိုက်တော့ အတွင်းရေးမှူး လီ ကတံခါးဖွင့်ပြီး တံခါးအနားတင်ရပ်ကာပြောလာသည်က

"Mrs.Sooyoung ရောက်နေပါတယ် ဥက္ကဌ"

ထိုစကားကြောင့် Chanyeol သူ့ကလေးလေးကိုကြည့်လိုက်တော့ မုန့်ကိုသာစိတ်ဝင်စားနေတာကိုတွေ့လိုက်ရသည်။

"အင်း ဝင်လာခိုင်းလိုက်ပါ"

ထိုအခါ အတွင်းရေးမှူး လီ က Hyunလေးကိုအကဲခတ်သလိုကြည့်ပြီးမှ Chanyeol ကိုပြန်ကြည့်လာတာမို့ Chanyeol ခေါင်းအသာညိမ့်ပြလိုက်သည်။ထိုတော့မှ အတွင်းရေးမှူး လီ ကအရိုအသေပေးပြီးပြန်ထွက်သွားသည်။

"Hyunလေး"

"ဗျာ"

အလုပ်ခုံကနေထပြီး Hyunလေး ထိုင်နေတဲ့ဘေးနားမှာ Chanyeol ကျကျနနသွားထိုင်လိုက်သည်။ထို့နောက် သူ့ပေါင်သူပုတ်ပြလိုက်ပြီး

"လာ ကိုကို့ပေါင်ပေါ်မှာလာထိုင်"

"ဟင် ထိုင်ရမှာလား"

"အင်း လာထိုင်"

နဂိုကတည်းက Chanyeol နဲ့နီးနီးကပ်ကပ်နေရရင်ပျော်နေတတ်တဲ့ကလေးလေးက သွက်သွက်လက်လက်ပဲ ပေါင်ပေါ်ဘေးတစောင်းလေးတက်ထိုင်ပြီး ရင်ဘက်ကိုခေါင်းမှီလာသည်။လက်ထဲမှာလည်း ရေညှိပြားမုန့်လေးကိုင်ပြီး တတိတိနဲ့စားနေပါသေးသည်။

ထိုအချိန်ပဲ အခန်းထဲကို Sooyoung ဝင်လာသည်။Chanyeol တို့ကိုတွေ့တွေ့ချင်း အို့တို့အမ်းတန်းဖြစ်သွားပေမယ့်လည်း ပြုံးပြုံးလေးဖြင့်မျက်နှာချင်းဆိုင်ဆိုဖာခုံမှာဝင်ထိုင်ပါသည်။

Sooyoung ကိုလည်းတွေ့ရော Baekhyun ကမုန့်တောင်မစားတော့ဘဲ သူ့ကိုကိုရဲ့လည်တိုင်ကိုခပ်တင်းတင်းဖက်လိုက်သည်။ထို့နောက် Sooyoung ကိုလည်း မာန်ဖီနေတဲ့ကျားပေါက်လေးလိုကြည့်နေလေသည်။

"Chanyeol ရုံးပြန်တက်ပြီဆိုလို့ ကျွန်မလာခဲ့တာပါ"

Chanyeol မျက်ခုံးပင့်လိုက်မိသည်။ဒီနေ့ပဲရုံးပြန်တက်တယ် ဒီနေ့ပဲသိပြီးရောက်လာတယ်ဆိုတော့ ဘယ်သူကများ ထိုအမျိုးသမီးအား သတင်းပေးပို့နေပါလိမ့်။သို့ပေမယ့် ဒါဟာလည်းအဆန်းတော့မဟုတ်ပါ။ကုမ္ပဏီရဲ့ဝန်ထမ်းတွေထဲမှာ ရှယ်ယာဝင်တွေဘက်ကခန့်ထားကြတဲ့ဝန်ထမ်းတွေ အနည်းဆုံးတစ်ယောက်လောက်စီတော့ရှိပါသည်။ဒါဟာ လုပ်ရိုးလုပ်စဉ်ပဲမို့ Chanyeol အနေနဲ့ဘာမှပြောစရာမရှိပါ။

Warm Love (Completed)Where stories live. Discover now