တယောက်ယောက်က ဂရုမမူမိတာလား တခြားတခုကြောင့်လားမသိ ဓာတ်ပုံတစ်ပုံ၏နောက်ခံတွင် ယွီချင့်ဟွမ်မှာ အပြုံးဖွဖွ‌လေးတခုဖြင့် ဟော်ချွီ၏ပခုံးပေါ်မှီထားပြီး တစုံတခု တီးတိုးဆိုနေသည့်အလား တဖက်သူဆီ ခေါင်းလေးစောင်းငဲ့ထားလေသည်။ နှစ်ဦးကြားကလေထုမှာ စကားနှင့်နှိုင်းယှဉ်ဖော်ပြ၍မရအောင် အလွန်သိသိသာသာ ရင်းနှီးပူးကပ်နေကြ၏။

စန်းဖန်၏လက်စွပ်ကို ရှာတွေ့ခဲ့ပြီဆိုတဲ့ ဖရဲသီးကြီးရှိသော်လည်း အွန်လိုင်းပရိသတ်များသည် ဖရဲသီးအငယ်လေးကိုလက်လွှတ်မခံကြပေ။

[ငလူး.. ဒီနှစ်ယောက်ကတွဲနေကြပြီဟ! ချင့်ဟွမ် ဒီလောက် နူးနူးညံ့ညံ့လေးပြုံးနေတာ ငါအရင်က တကယ်တခါမှမမြင်ဖူးဘူး]

[အဖြောင့်တယောက်ရဲ့ပခုံးပေါ်မှီနေမယ့် တခြားအဖြောင့်တယောက်မရှိနိုင်ဘူး]

[အိုက်ရာ၊ မဖြစ်နိုင်ဘူးလို့ခံစားမိပေမယ့် ဒီချိုမြိန်မှုကို ငါမြည်းစမ်းမိတုန်းပဲ]

ထိုဓာတ်ပုံမှာ အွန်လိုင်းပရိသတ်အပေါင်းမှ ဝိုင်းဝန်းမှတ်ချက်ပြုခံရတာကြောင့် Weibo Hot Search ထဲ အလျင်အမြန်ရောက်သွားလေ၏။ သို့ပေမယ့် တစ်ချိန်တည်းမှာ ဒီဓာတ်ပုံဟာ ဘာကိုမှမရည်ညွှန်းဘူးလို့ဖော်ပြကြတဲ့ မရေမတွက်နိုင်သော အွန်လိုင်းပရိသတ်များစွာလည်းရှိနေပြန်သည်။

[အမှန်အတိုင်းပြောရရင် ဒါ ချင့်ဟွမ်နဲ့ ဟော်ချွီ မဟုတ်ဘဲ တခြားသူသာဆို သူတို့တွဲနေကြပြီလို့ ငါသေချာပေါက်ယုံမိမှာ... ဒါပေမယ့် ဒီတခေါက်တော့ ငါမယုံဘူး၊ တ‌ယောက်ပခုံးတယောက်မှီထားတော့ကောဘာဖြစ်လဲ.. ငါတို့ Koi လေးက တစ်ခါကဆို ဟော်ချွီကို နို့ပူတင်းတောင် ခွံ့ကျွေးဖူးတယ်]

[ဓာတ်ပုံရိုက်တဲ့ရှုထောင့်က ပြသနာရှိနေတာ! သူတို့နှစ်ယောက်တွဲနေကြတာမဖြစ်နိုင်ဘူး၊ သူတို့က ငါတို့လိုသူငယ်ချင်းကောင်းတွေပါပဲ]

[ကောလာဟလတွေကိုမယုံကြပါနဲ့ သူတို့တကယ်ပဲတွဲနေကြပြီလို့ ငါမထင်ဘူး၊ တကယ်သာတွဲနေကြမယ်ဆို နည်းနည်းလေးမှ မဖုံးကွယ်ဘဲ ဒီလောက်သိသိသာသာကြီး ချပြလိမ့်မယ်လို့ ငါမထင်ဘူး၊ ချင့်ဟွမ်က ကျောက်ချင်းယွမ်နဲ့လည်း တရင်းတနှီးနေတာပဲကို၊ တခါတလေကျရင် အဖြောင့်ယောကျာ်းတွေကြားက သူငယ်ချင်းဆက်ဆံရေးက ဒီလိုပဲထူးဆန်းတယ်]

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now