"ထပ်မနမ်းချင်ဘူးလားဟင်..."

သနားစရာ ယုန်ပေါက်လေးအသွင်နဲ့ နှုတ်ခမ်းကို မျက်စပစ်ပြသောဉီး။ ဟွန့်...နမ်းများနမ်းခိုင်းလိုက်ရင် သားရဲကြီးတစ်ကောင်အလား သူ့အသက်ရှုကျပ်သည်အထိ မလွှတ်တော့ဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပေ။

"နေကောင်းမှ...ပေးနမ်းမှာနော်။ မြန်မြန်နေကောင်းအောင်လုပ်...ဒီအတိုင်းခဏထိုင်နေအုန်းနော်..."

အစာမကြေမှာစိုး၍ဉီးအာ ခဏထိုင်ခိုင်းထားရသည်။ ပန်းကန်ကို သေချာဆေးကြောပြီး...အသီးနည်းနည်းခွာကာ ပန်းကန်ထဲထည့်ထားလိုက်သည်။ သူကတော့ ကော်ဖီနှင့်မုန့်ကို အလျင်အမြန်စား၍ ရိစန်းကောကိုမှာထားသောဆေးထုတ်နှင့် အသီးကိုယူကာ ဉီးအခန်းထဲပြန်လာခဲ့သည်။

"ဉီး ဆေးသောက်ရအောင့။မနကျက ရိစန်းကောကိုဆရာဝန်စီကယူခိုင်းထားတာ..."

"အွန်း..ကိုယ်ထပ်အိပ်ချင်သေးတယ်...မင်းကိုလည်းဖက်ထားချင်တယ်"

ဉီးသည်တကယ့်ကို လူလည်လေးပင်။သူကအလိုက်တသိနဲ့ ဉီး၏ရင်ခွင်ထဲဝင်လို့ ဉီးနဲ့အတူအိပ်နေခဲ့သည်။ ပူနွေးသောရင်ခွင်ကြီးသည်...သိပ်ကိုလုံခြုံတာပဲ။
.
.
.
နေ့လယ်ခင်းတွင် တစ်ရေးနိုးလာသော ဉီးသည်ချွေးစေးတို့ထွက်နေလျက်...

"ချွေး​ေတွထွက်​တောလား?"

"အင်း...ပူတယ်..."

အဝတ်လဲရန် ရှပ်အကျီအပါးလေးကို ထုတ်လို့...ဆွယ်တာအကျီကိုကိုကူချွတ်​ေပးလိုက်စဉ်...အသားခပ်ညိုညိုပေါ်တွင် ရွှဲနေသော ချွေးစေးတွေက အများအပြား။ ဘယ်လိုပဲ ချစ်သူတွေဆိုဆို အခုလိုပုံစံက မျက်နှာပူစရာပင်...ချွတ်ထားသော ဆွယ်တာနဲ့ ချွေးစတို့ကို သုတ်ပေးရင်း...ဉီးကိုမေ့ကြည့်မိတော့...

"Bae..."

ရီဝေဝေအကြည့်တို့နှင့်အတူ အရိုင်းဆန်ဆန်အကြည့်တွေကြောင့် လူကထိတ်ခနဲ..

"ဗျာ့...."

"နမ်းချင်တယ်...အွန်း..."

အဖြေကိုတောင် ပြန်မစောင့်ပဲ သူ့ကိုသည်းကြီးမဲကြီးနမ်းလာသောဉီး။ ဉီးသည် ကုတင်အာမှီထား၍ ခြေစဉ်းထားသောကြောင့် သူကပါ ဉီးပေါင်ပေါ်ကို ကားယားလေနဲ့...

Sean's Adorer (Complete) Where stories live. Discover now