Chapter 124 Liang Huai, I really don't want to this time zawgyi ver

Start from the beginning
                                    

လျိုင်ဟွိုင် သည် ရေကို အဆောတလျင်မသောက်ပဲ ပြီးသွားသည်။ ယွင်းကျင်း က သူ့ကို စိုက်ကြည့်နေတာကို မြင်လိုက်ရတော့ ပါးစပ်ထောင့်က အနည်းငယ် မြှောက်တက်သွားသည်။
လျိုင်ဟွိုင် : "မင်းဝင်လာပြီးပြီဆိုတော့ ခဏလောက် ထိုင်ပြီးမှပြန်ပေါ့"

ယွင်းကျင်း သည် လျိုင်ဟွိုင် နှင့် တစ်ခန်းတည်းနေရန် ခက်ခဲမည်ဟု ခံစားမိသည်။အရမ်းအန္တရာယ်များတယ်။

ယွင်းကျင်း : "မထိုင်တော့ဘူး အခုပြန်မယ်"

"တကယ်သွားချင်လား" လျိုင်ဟွိုင် သည် ယွင်းကျင်း ၏မျက်နှာကို စိုက်ကြည့်ကာ လှောင်ပြောင်ပြုံးပြကာ : "မင်းသွားဖို့ တွန့်နေတာလား?"

လျိုင်ဟွိုင် : "ယွင်းကျင်း၊ မင်း လမ်းခွဲဖို့ အဆိုပြုပြီး သိပ်မကြာခင်မှာဘဲ မင်းငါ့တံခါးကိုလာခေါက်ဖို့ မစောင့်နိုင်ခဲ့ဘူးပဲ"

လျိုင်ဟွိုင် : "မင်းငါ့ကိုတကယ်မထားခဲ့နိုင်ဘူး၊ မင်းက ခွေးဖြစ်ချင်တာ"

လျိုင်ဟွိုင် ၏မျက်နှာပေါ်တွင် သရော်လှောင်ပြောင်မှုကို မြင်လိုက်ရတော့ ယွင်းကျင်း အနည်းငယ် ဝမ်းနည်းသွားသည်။

လျိုင်ဟွိုင် က သူ့ကို မကြိုက်တာကြောင့်  ဝမ်းနည်းရတာမဟုတ်သလို လျိုင်ဟွိုင် က သူ့အပေါ် ရက်စက်လို့လဲ မဟုတ်ပေ။ သူ့ကိုယ်သူ ဝမ်းနည်းတာကြောင့်ပါ။ သူသည် တစ်စုံတစ်ဦးကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ခဲ့သော်လည်း ထိုသို့သောရလဒ်အတွက် လဲလှယ်ခဲ့သည်။

ထိုနေ့က ကျွန်းပေါ်တွင် သူသည် လျိုင်ဟွိုင်၏ စောင်အောက်တွင် မစဉ်းစားမဆင်ခြင်ပဲ ဝင်သွားခဲ့သည်။

လျိုင်ဟွိုင် က သူ့ကိုမိုက်မဲတယ်လို့ ထင်တာကြောင့် အိပ်ယာထဲမှာ အဖော်ပြုဖို့ အဆိုပြုပြီး သူအရက်မူးနေချိန်မှာ ပို့ခဲ့တဲ့ ဓာတ်ပုံတွေကို ထုတ်ပြီး ခြိမ်းခြောက်ခဲ့တယ်။

အဲဒီအချိန်မှာ ယွင်းကျင်း က ဆန္ဒမရှိခဲ့ဘူးလား?

လျိုင်ဟွိုင် က သူ့လိုအပ်ချက်တွေကို ဖြေရှင်းဖို့ ကိရိယာတစ်ခုအနေနဲ့ပဲ သုံးနေတာလို့ ရှင်းရှင်းလင်းလင်းပြောထားပေမယ့် ယွင်းကျင်း က လိုက်နာလိုက်တိုင်း နာကျင်ရင်တောင် လျိုင်ဟွိုင်ကသူ့ခံစားချက်တွေကို ဘယ်တော့မှ ဂရုမစိုက်ဘူး။ သူလည်း ကြိတ်ခံခဲ့ရတယ်။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now