ရှောင်းရှောင်း သူက သွေးတိုးစမ်းတာကို သူ့ကို ပြန်ပြီး ချည်ချင်နေတဲ့ လူကြောင့် ရှေ့တည့်တည့် ပြန်လှည့်ပြီး ပြုံးနေလိုက်သည်။

ခီရှီ ဘေးမှာ ထိုင်နေပြီး ကောင်လေး ရဲ့ မျက်နှာ၊ အပြုအမူတွေကို အသေးစိတ် ကြည့်နေရင်း ကောင်လေး က သူ့ကို ထပ်တောင် ခြွေစရာ မလိုပဲ ချစ်စိတ် ဝင်လာနေပြီဖြစ်သည်။ မဟုတ်ဘူး ... ချစ်မိပြီ ဆိုတာထက် မြတ်နိုးမိသွားတာ။ ကောင်လေး ပြုံးနေတာ ကြည့်နေရရင် အကုန်လုံး ပြည့်စုံသွားသလိုကို ခံစားရတယ်။

' ကိုယ် မင်းကို သဘောကျရုံ မဟုတ်တော့ဘူး ထင်တယ်။'

ရှောင်းရှောင်း တရုတ်မှာ တစ်သက်လုံး မနေမယ့် လူ နဲ့ သံယောဇဉ် မဖြစ်ချင်ပါ။ အဲ့ဒါကြောင့် သူ့ကို ရည်းစား စကား ပြောတော့မယ့် လူ ကို မကြည့်ပဲ ...

' ကျနော် က ဒီတစ်သက် အိမ်ထောင် မပြုတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။ အဲ့ဒါကြောင့် ခင်ဗျား ရဲ့ အချစ်တွေကို တစ်ခြား ထိုက်တန်မယ့် သူကိုပဲ ချစ်ပေးလိုက်ပါ။'

' ဘာလို့လဲ ... မင်း ကို ငြိုငြင်မှာ ကြောက်နေတာလား။ ခေတ်က အမီလွန်နေပါပြီ၊ အခုခေတ်မှာ ယောကျာ်းလေးတွေလည်း စိတ်ဆန္ဒ ရှိရင် ကိုယ်ဝန် ဆောင် လို့ ရနေပါပြီ။ အခုလို ပြောလို့လည်း ကိုယ် ကလေးကို ဦးစားပေးလို့ မဟုတ်ဘူး။ မင်း တွေးမိနေမှာကို ပြောပြတာ။ ကိုယ်က မင်း ကိုပဲ ချစ်တာ၊ ပတ်ဝန်းကျင် ဆိုရင်လည်း ဂရုစိုက်စရာ မလိုဘူး။ မင်း ကို အလို မရှိတဲ့ နေရာ ဆို ကိုယ် ခေါ်သွားမှာ မဟုတ်လို့ပဲ။'

ရှောင်းရှောင်း သူ့ကို တစ်ခါမှ ခုလို လာပြောတဲ့ သူ မရှိတာကြောင့် စိတ်လှုပ်ရှားပြီး နှလုံးသား နွေးထွေး သွားတယ် ဆိုတာ ဝန်ခံပါသည်။ ဒါပေမယ့် ဒီလူက ခုနပဲ ပြောနေပြီ သူ့အိမ်ကို ပြန်သွားရအုံးမယ်ဆိုတာ။

အိမ် ပြန်ပြီး သူတို့ ဝေးကွာသွားတာနဲ့ အခြေနေက ဘာမဆို ပြောင်းလဲ နိုင်တာပဲ။ ပြီးတော့ အခုခေတ်က တစ်မိုးအောက်ထဲနေ တစ် လေ တည်း ရှူနေကြတာတောင် ဖောက်ပြန်ချင်ရင် အလွယ်လေး ...။ ပြီးတော့ သူ ဒီလူ ရဲ့ အကြောင်း ဘာမှ မသိပါ။

Love is Evil  ( Completed )Where stories live. Discover now