part(2)

233 27 0
                                    

🌧အလင်းမဲ့...ကောင်းကင်🌧
ဒုတိယပိုင်း

ယိမ်းကားစောင့်နေချိန်...ယိမ်းဘေးသို့ဂီတာလေးကိုလွယ်ထားသောကောင်မလေး...တစ်ယောက်ရောက်လာ၏။
သူ့လက်ထဲတွင်...ရေဘူးလေးကိုတွေ့လိုက်ရတာကြောင့်....ယိမ်းအရဲစွန့်ကာ...

''ညီမလေး..မမ. ကိုရေလေးနည်းနည်းတိုက်ပါလားဟင်...''

ကောင်မလေးကယိမ်းအား..အကဲခက်သလိုတချက်ကြည့်ကာ...ရေဘူးကိုလှမ်းပေးသည်။

''ကျေးဇူးပါ နော်...''

''ရတယ်....သောက်ပါ...''

ယိမ်းရေသောက်ပြီးဘူးကိုပြန်ပေးတော့ကောင်မလေးကခေါင်းခါလိုက်ပြီး...
''ပြန်မပေးနဲ့တော့မမ...ယူထားလိုက်နော်...''

ပြောပြီး...သူ့အိတ်ထဲမှာ...မုန့်ထုပ်လေးကိုထုတ်ယူလိုက်ပြီးယိမ်းကိုလှမ်းပေးပြန်သည်။

''ယူပါမမ...မမပုံကဗိုက်ဆာနေသလိုပဲ....စားလိုက်နော်...''

ယူဖို့အားတုံ့အားနာဖြစ်နေသောယိမ်းမှာ...ကောင်မလေးစကားကြောင့်...ရှက်သွားရသည်။
ယိမ်းသည်ပူံမှန်အားဖြင့်...သူများသောက်ပြီးသားရေကိုသောက်လေ့မရှိသလို....သူများကျွေးသောအစားအစာကိုလည်းစားလေ့မရှိပါ။

''ယူပါမမ...''

ယိမ်း...ပထမဆုံးသူစိမ်းတစ်ယောက်ကပေးသော...စားစရာနဲ့ရေကိုယူသောက်ခြင်းဖြစ်သည်။

''မမကဘယ်ကိုပြန်မှာလည်း...''

''မမက...တာမွေကိုပါ...''.
''ေသြာ်...ရူပါလည်း...တာမွေက်ိုပဲသွားမှာ....အလုပ်ကအဲ့မှာဆိုတော့လေ...''

ကောင်မလေးက...ယိမ်းအားတရင်းတနှီးဖော်ရွေစွာနဲ့ပြောနေတာကြောင့်ယိမ်း...သေချာနားထောင်မိသည်။

''မမရော..ဘယ်ကပြန်လာတာလည်း...စပ်စုတယ်မထင်နဲ့နော်....''

''မထင်ပါဘူးညီမလေးရယ်...မမကအလုပ်လာရှာတာပါ....မရပါဘူး...''

ယိမ်းမုန့်ကိုဖောက်စားရင်း...စိတ်ညစ်စွာပြောလိုက်သည်။

''ဟုတ်လား... မမကအလုပ်လိုချင်တာလား...''

ယိမ်းခေါင်းညိတ်လိုက်သည်။
ယိမ်းစကားကိုနားထောင်ပြီးကောင်မလေးကတစ်ချက်ငြိမ်သွားကာ...

အလင်းမဲ့...ကောင်းကင်Where stories live. Discover now