part(1)

285 28 0
                                    

🌧 အလင်းမဲ့...ကောင်းကင်🌧
ပထမပိုင်း
''ကျွန်မ.....သူ့..အပေါ်ထားရှိတဲ့အချစ်ကလေ...ရယူခြင်းမဟုတ်ဘူး...ကျွန်မသူ့အနားမှာရှိမနေဘူးဆိုရင်တောင်...ကျွန်မရဲ့အချစ်ကြောင့်....သူလုံခြုံနွေးထွေးမှုကိုခံစားစေလောက်တဲ့အထိပါပဲ...သူ့အတွက်ကျွန်မဟာ...တံတားလေးတစ်ခုဖြစ်ခြင်တာ''

(နွဲ့ယိမ်းသာ)

''သစ္စာ တရားကိုစောင့်ထိန်းရမယ်ဆိုတဲ့အသိကြောင့်....ကျွန်မ...အဲ့ဒိမိန်းမကို...ချစ်လျှက်နဲ့စွန့်လွှတ်ခဲ့မိတယ်....သို့ကြောင့်ကျွန်မလိပ်ပြာလုံပါတယ်...ဒါပေမဲ့...နှလုံးသားကတော့..တမြေ့မြေ့..လောင်ကျွမ်း....လို့ပေါ့'

(ခင်ခင်ပျို)

''မ...အတွက်ဆို...ကျွန်မကသေဆိုသေရှင်ဆိုရှင်ပါပဲ...
ကျွန်မက...မ...ရဲ့အပြုံးပဲငေးနေချင်ခဲ့တာပါ...ကျွန်မရဲ့ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းဟာ...မ...အပေါ်ဖြစ်တည်နေတာ''

(ရူပါကျော်)

''ကျွန်တော်မြတ်နိုးရတဲ့မိန်းမက...ကျွန်တော့်အပေါ်ဆိုလေ...သိပ်ရက်စက်တာပဲဗျာ...ကျွန်တော်ကလည်းအဲ့လိုရက်စက်တာလေးကိုပဲချစ်နေတာဖြစ်မယ်''
(ကြည်ဇော်စိုး)

နွဲ့ယိမ်းသာ....သမိုင်းလမ်းဆုံတွင်ရှိသောသူမရဲ့.ရွှေမင်းသမီး..​​ပိုးထည်...ဆိုင်ရှေ့တွင်ကားကိုရပ်လိုက်သည်။
သူမကားရပ်လိုက်သည်နှင့်...ဝန်ထမ်းကောင်မလေးတစ်ဦးပြာပြာသလဲ...ကားတံခါးကိုရိုသေစွာလာဖွင့်ပေးသည်။
သူမ....နေကာမျက်မှန်ကိုတပ်လိုက်ပြီးကားပေါ်မှ....ဆင်းလိုက်သည်။
သူမလက်ထဲမှလက်ဆွဲအိတ်ကိုတော့ဝန်ထမ်းကောင်မလေးကအလိုက်တသိ...ယူကာ....

''မမ...မနက်စာ...ဘာစီစဥ်ပေးရမလဲရှင့်...''

''ရတယ်တို့...အပြင်ကစားခဲ့ပြီးပြီ...ကော်ဖီခါးခါးလေးတခွက်ပဲလုပ်ပေး...''

''ဟုတ်ဟုတ် ''

သူမဆိုင်ထဲကိုဝင်လာသည်ကိုမြင်သည်နဲ့...မမစုက...

''ပေါ်လာသေးတယ်နော်...တပတ်လုံးဘယ်တွေလျှောက်သွားပြီးဘာတွေလုပ်နေလဲယိမ်းရယ်...''

မမစုရဲ့မျက်ဝန်းတွင်စိုးရိမ်စိတ်ကအထင်းသားမြင်နေရ၏။
ယိမ်း....မမစုဘေးကဆိုဖာပေါ်တွင်...ထိုင်လိုက်ပြီး...

အလင်းမဲ့...ကောင်းကင်Where stories live. Discover now