|02|

1.1K 107 11
                                    

လူတွေပြောနေကျ စကားတစ်ခွန်းရှိတယ်၊ ဘုရားသခင်မှာ သူ့အစီအစဉ်နဲ့သူ ရှိနေပြီးသားတဲ့။ ဒါကပဲ ဒီမင်္ဂလာကိစ္စက ဘယ်လောက်ပဲ အတုအယောင်တစ်ခုဖြစ်နေပါစေ.. သူ့ကိုလွယ်လွယ်နဲ့ပဲ လက်ခံမိစေတဲ့ အကြောင်းပြချက်တစ်ခုအဖြစ် သတ်မှတ်လို့ရတယ်။

သူ့ရဲ့ဘဝမှာ ခံစားချက်တွေကိုရော၊ Pheromone နဲ့ ပတ်သက်သမျှ အကြောင်းအရင်းတွေကိုရောပါ တစ်ကြိမ်တစ်ခါလေးတောင် လေးလေးနက်နက် ခေါင်းထဲထည့်မထားခဲ့ဖူးတာကြောင့် ဒီအတုအယောင် မင်္ဂလာကိစ္စကိုလည်း Gemini က သိပ်အများကြီး မစဉ်းစားချင်ဘူး။ ဒါကြောင့်မလို့ပဲ မထူးဆန်းစွာနဲ့ တစ်ဖက်က သတို့သားလောင်းပေါက်စလေးက ဘယ်လိုဘယ်ပုံမျိုးရှိမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သူကသိပ်ပြီး စိတ်ဝင်စားမှုရှိမနေခဲ့တာပဲ။ စီစဉ်ထားတဲ့အတိုင်း စီးပွားရေးအကျိုးမြတ်အတွက် သူတို့လက်ထပ်ကြမယ်။

ဒီမင်္ဂလာကိစ္စကြောင့် Titicharoenrak မိသားစုရဲ့ လုပ်ငန်းတွေကို အများကြီးအထောက်အကူပြုစေသလိုမျိုး၊ Mr. Jirochtikul ရဲ့ နိုင်ငံရေးအာဏာအတွက်လည်း ဒီနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူဖြစ်တဲ့ သူ့ကို သမက်တစ်ယောက်အဖြစ် အသိအမှတ်ပြုထားတာက သေချာပေါက် ဘယ်လိုလုပ်ပြီးအကျိုးမရှိဘဲနေမလဲ။ အစကတည်းက အာဏာရှိနေပြီးသား Mr. Jirochtikul အတွက် ဒီမင်္ဂလာကိစ္စကို အကြောင်းပြုပြီးတော့ပဲ Titicharoenrak မိသားစုက အချိန်အတိုင်းအတာတစ်ခုအထိ နောက်ခံအင်အားအဖြစ်ရှိနေပေးလိမ့်မယ်။ ဒါက မိသားစုနှစ်ခုရဲ့ အာဏာနဲ့ပိုင်ဆိုင်မှုတွေကို အဆပေါင်းများစွာ တိုးမြှင့်ပစ်လိုက်တာမျိုးမဟုတ်လား။ ဘယ်သူမှအရှုံးမရှိတဲ့ အပေးအယူဆန်တဲ့ သဘောတူညီချက်တစ်ခုလိုမျိုး။

အိုကေ.. ပြီးတော့ တစ်ဖက်က Omega သေးသေးလေးရဲ့ ကျန်းမာရေးကိစ္စကိုလည်း Gemini က သေချာပေါက် ဘယ်လိုလုပ်ပြီး မေ့ထားပါ့မလဲ ။

ဒါပေမဲ့ အဆုံးသတ်မှာတော့ သူတို့နှစ်ယောက်ရဲ့ အတုအယောင်လက်ထပ်ထားခြင်းကို နှစ်ဦးနှစ်ဖက် ဘယ်သူမှနစ်နာမှုမရှိစေရဘဲ ရုပ်ရှင်ဆန်ဆန် အဆုံးသတ်လိုက်ကြမယ်။ ဒါတွေအားလုံးဟာ ဘယ်လောက်တောင်မှ သဘာဝကျပြီးတော့၊ ဟာကွက်မရှိ ပြီးပြည့်စုံလိုက်တဲ့ ဇာတ်ညွှန်းတစ်ခုပါလိမ့်..

This Little Omega is Damn Cute!Where stories live. Discover now