|01|

3.5K 106 4
                                    

'Jirochtikul မိသားစုရဲ့ သားအငယ်လေးက Omega လေး' ဆိုတဲ့ စကားဦးနဲ့ အစချီတဲ့ သူ့အမေရဲ့ လိုရင်းမရောက်တဲ့ စကားတွေကို Gemini က ဒီအတိုင်းပဲ ဆက်ပြီးနားထောင်ဖို့ စိတ်ကူးထားတယ်။ သူက ထပ်ပြီးတော့ စိတ်ရှည်ဖို့ မလွယ်ကူတော့ဘူး ဆိုရင်တောင်မှပေါ့ ။

"အဲဒီကလေးလေးက ချစ်စရာကောင်းပြီး၊ ချောမောရုံသာမကဘူး။ ဉာဏ်ကောင်းပြီးတော့ အရည်အချင်းရှိတဲ့အပြင် လူမှုဆက်ဆံရေးလေးကပါပြေပြစ်နေလိုက်သေးတယ်"

ဒီတစ်ခါမှာတော့ Gemini က သူနားထောင်နေတဲ့အကြောင်း အတည်ပြုသလို အသံခပ်တိုးတိုးလေးနဲ့ တုံ့ပြန်လိုက်ပြီးတော့ လုပ်လက်စဖြစ်နေတဲ့ ကျောင်းကစာတမ်းတွေကိုပဲ ဆက်ပြီးလုပ်နေလိုက်တယ်။ အမှန်တိုင်းပြောရရင်.. သူက သူ့အမေပြောနေတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး နားလည်းမလည်သလို၊ စိတ်လည်းမဝင်စားဘူး။

"ကြားရသလောက် ကလေးက ဒီတစ်ခေါက်စာသင်နှစ်မှာ မင်းတို့ကျောင်းရဲ့Faculty of Law မှာ ဝင်ခွင့်ရထားတယ်တဲ့လေ။ ဘယ်လောက်တော်လိုက်လဲ၊ Nong က မင်းထက် သုံး၊ လေးလလောက်ပဲ အသက်ငယ်တဲ့သူဆိုပေမယ့် ဂျူနီယာလည်း ဂျူနီယာဖြစ်တာမလို့ ကျောင်းမှာတွေ့ရင်သူ့ကို သေချာလေးဂရုစိုက်ပေးရမယ်နော် Gem"

"---"

"Gemini Norawit!"

"ဟုတ်ကဲ့"

အလိုက်သင့် တုံ့ပြန်မိပြီးခါမှ Gemini က သူ့အမေပြောသွားတဲ့ စကားတွေကို အမြန်ပြန်ပြီးတော့ စဉ်းစားမိလိုက်တယ်။ Chulalongkorn University ရဲ့ အကျယ်အဝန်းက ခပ်ကျဉ်းကျဉ်းမှမဟုတ်တာ၊ Bachelor of Arts and Science မှာ တက်နေတဲ့သူက ဘယ်လိုလုပ်ပြီး တစ်ဖက်ကကောင်လေးကို ဂရုစိုက်ပေးလို့ရမှာလဲ။ ပြီးတော့ သူတို့က သိဖို့မပြောနဲ့၊ တစ်ယောက်နဲ့တစ်ယောက် မြင်တောင်မြင်ဖူးကြတာမဟုတ်ဘူး။ ဒါက တကယ်ကို အမှန်တရားပဲ။

Titicharoenrak မိသားစုနဲ့ Jirochtikul မိသားစုနှစ်ခုကြားမှာ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးတွေအရ ဆက်ဆံမှုတစ်ခါတစ်ရံရှိခဲ့ပေမယ့် ဒီလောက်အထိ ရင်းနှီးနေတာမျိုးမဟုတ်ဘူး။ အာ.. တစ်ခုတော့ရှိတယ်၊ သူ့အမေက တစ်ဦးတည်းသောသားဖြစ်တဲ့ Gemini ကို ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာပဲ တစ်ဖက်ကမိသားစုကလည်း ဆေးရုံအတူတူမှာပဲ သူတို့မိသားစုရဲ့ ဒုတိယကလေးဖြစ်လာမယ့် တစ်ဖက်ကကောင်လေးကို ကိုယ်ဝန်ဆောင်ထားခဲ့ရတယ်။ ခြောက်လပိုင်းမှာမွေးတဲ့ သူက Alpha တစ်ယောက်ဖြစ်နေခဲ့ပြီး သူနဲ့လအနည်းငယ်ကွာပြီးမွေးလာတဲ့ ကောင်လေးကတော့ Omega တစ်ယောက်။ ဒါကပဲ နူးညံ့တဲ့ Omega လေးတစ်ယောက်လောက် ထပ်ပြီးလိုချင်နေတဲ့ သူ့အမေရဲ့ရင်ထဲကို ထိသွားစေခဲ့တယ်။

This Little Omega is Damn Cute!Where stories live. Discover now