ဆေးဒဏ်ကြောင့် အသိကပ်လိုက်မကပ်လိုက်နှင့်...လက်ဖမိုးသားတို့ကို နစ်ဝင်အောင်ကိုက်၍ အသိစိတ်ကိုထိန်းနေရသည်။ ခေါင်းထပ်ကနာကျင်မှုနှင့်အတူ စီးကျလာတဲ့သွေးစက်တို့ကြောင့် ရေသည်​ေသွးနီလွှမ်းလာသည်။  ခဏလေး bae...ကိုယ်ဖြတ်ကျော်နိုင်မှာ...ခဏလေးပဲ စောင့်နေပေးပါ။

ဖေးဖေးသည် သူနဲ့နေဖို့လုပ်ပေမဲ့ သူ့ရဲ့အရာရာတိုင်းသည် baeအပိုင်သာဖြစ်သည်။ သတိတို့ကို သေချာထိန်း၍ ရိစန်းကို အိမ်အထိပို့ခိုင်းခဲ့တာ...baeကို ပိုင်ဆိုင်ခွင့်ရချင်ပေမဲ့ အခုလိုအခြေအနေနဲ့မဟုတ်ပေ။

သူမြတ်နိုးရသောပန်းလေးသည် ရမက်တို့၏ ဖြေဆေးမဖြစ်စေရ...
ကိုယ်ကအစွန်းထင်းမခံရအောင် ချစ်တာမို့...တန်ဖိုးထားပါ bae...ကိုယ့်အတွက်ဆိုရင်တောင် မင်းကိုယ်မင်း တန်ဖိုးထားသင့်တယ်။

.
.
.

အချိန်သည် တဖြည်းဖြည်းကုန်လာသည် သူသည်လည်း ရေအေးတို့ကြောင့် အေးစက်နေပြီ။ ထို့အပြင် လက်တို့တွင်လည်း ကိုက်ရာဗလာပွထနေလေသည်။

"ဉီး...ကျွန်တော်လေ... တကယ်ဆိုရင် ကျွန်တော်...ဟင့်... ကြည်ဖြူစွာ...ပေးအပ်ချင်ပေမဲ့...အင့်...ဉီး...ဉီးက လက်မခံ...ဟင့်...ကာကွယ်ပေးချင်တယ်...ဉီး..."

ပါးစပ်ထဲမှ ​ေရာက်တက်ရာရာစကားတို့ကိုပြောနေပေမဲ့ နောက်ဆုံးတွင် ဒီဘူတာပဲဆိုက်လေသည်။

"ကျွီ.!."

ထိုအချိန်တွင် ရေချိုးခန်းတံခါးသည် ဖြေးညှင်းစွာ ပွင့်လာသည်...

"Bae...မငိုပါနဲ့။ ကိုယ်က မလိုချင်ပဲနေမလား? မင်းက သိပ်ဖြူစင်လွန်းတယ် ကိုယ်နဲ့တောင် မထိုက်တန်ဘူး။ ဒါပေမဲ့ မင်းကို...မြတ်နိုးလွန်းလို့ပါ ကလေးရယ်....ကိုယ် သိပ်ကိုမြတ်နိုးလွန်းလို့ပါ..."

ရေစိုနေသော အေးစက်နေတဲ့ ခန္ဓာကိုယ်ထက်က ပူနွေးနွေးအငွေ့အသက်...လက်များတွင်လည်း ကိုက်ရာများသည် သွားဆိပ်ကြောင့် ယောင်ကိုင်းနေသည်။ခေါင်းထပ်ကဒဏ်ရာကို ဂရုမထားပဲ သူအထင်လွဲမှာ စိုးလို့ဖြေရှင်းပြနေသော ဉီး။ ကျွန်တော်ကို ဒီလောက်တောင်ပဲ မြတ်နိုးရလား ဉီးရယ်...
.
.
.

Sean's Adorer (Complete) Where stories live. Discover now