Playboy

192 27 18
                                    

ရေချိုးပြီးခါစ Joက ကမ်းခြေဆိုတော့ လေစိမ်းတိုက်ရင်ဖျားမှာစိုးလို့ ချည်သားလက်ရှည် အဖြူလေးဝတ်ပြီး လမ်းလျှောက်နေပါတယ် ။ သူနဲ့ မလှမ်းမကမ်းမှာတော့ Taki နဲ့ Harua လို့ခေါ်တဲ့ အငယ်လေးနှစ်ယောက်နဲ့တူတူ Makiက ဘောလုံးကန်နေလေရဲ့ ။

" ဗိုက်ဆာတယ် Hayate kunက ခေါက်ဆွဲလား ဘာလား​ကြော်ပေးမယ်ထင်တယ် သွားစားရအောင် "

ချွေးတွေရွှဲနေတဲ့ Makiက သူ့ဘေးကိုလာပြီး အဖော်စပ်တယ် ။ Joကတော့ သွားနှင့်ဖို့ပြောရင်း လမ်းပဲဆက်လျှောက်နေလိုက်ပါတယ် ။

သူက ရေမရောတဲ့ Introvertစစ်စစ်ကလေး ။ လူတွေအများကြီးနဲ့နေရတာ Energyကုန်တာမို့ ခဏလေး အမောလာဖြေနေတာပါပဲ ။

" ဟိတ် Jo ကိုယ်ဘယ်သူလဲမှန်းကြည့်ပါလား! "

" K kun "

" ဟင် ပျော်ဖို့လဲမကောင်းဘူး Joကဘယ်လိုဖြစ်ပြီး တန်းသိသွားရတာလဲ "

သူ့မျက်လုံးတွေကို လာမှိတ်ပြီးစတဲ့ K kunက တကယ့် ကလေးလေးကျလို့ ။

နှစ်ယောက်လုံးရဲ့ အင်္ကျီအရောင်ချင်းက ဆင်တူနေတာမို့ မသိရင် Honeymoonထွက်လာတဲ့ အတွဲတွေလိုပဲလို့တွေးရင်း Joက ပြုံးမိပြန်တယ် ။ သူတကယ်ကြီး Koga Yudaiကြောင့် အတွေးလွန်ပြီး ရူးတော့မယ်ထင်တာပါပဲ ။

" ညစာစားဖို့လာခေါ်တာ သူများတွေအကုန်ရောက်နေပြီ ။ မင်းပဲကျန်တော့တာ Joကလေးရဲ့ "

" ကျွန်တော်ပျောက်နေတာ K kunက ဘယ်လိုသိလဲ ။ ခုနကအထိ Fumaဆိုတဲ့ Seniorနဲ့ တဟီးဟီးတဟားဟားလုပ်နေခဲ့ပြီးတော့များ "

Kက Joသဝန်တိုနေတာကို ရိပ်မိသွားသလိုမျိုး ထရယ်တော့တာ ။ အရယ်လွန်ပြီး သဲပြင်ပေါ်ပြုတ်ကျသွားတာတောင် ထပ်ရယ်နေတုန်း ။

Joက K Kunထရလွယ်အောင်လက်ကမ်းပေးလိုက်ပေမယ့် သူမထင်ထားတာက Kသူ့လက်ကိုဆောင့်ဆွဲလိုက်မယ်ဆိုတာပါပဲ ။

သဲသောင်ပြင်ပေါ်မှာလုံးထွေးနေတဲ့ သူတို့နှစ်ယောက်ဟာ သဲတွေနဲ့ ပေသလူးလို့ ။ ဒီလောက်အူကြောင်ကြောင်အနေအထားမှာတောင် Kဟာ သဲတွေကြောင့် ကြမ်းရှရှဖြစ်နေတဲ့ Joရဲ့ ပါးပြင်ကို နမ်းနိုင်သေးတာတော့ အံ့သြစရာ ။

Playboy In Love ( K.JO )Where stories live. Discover now