Playboy

221 26 12
                                    

" JO !! "

အံ့သြစရာကောင်းလောက်အောင်ကိုပဲ ကံကြမ္မာက Joကိုစနောက်နေသလားလို့တောင်ခံစားရပါတယ်  ။

ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး Joက Kအကြောင်းတွေပဲတွေးနေမိပြီး မအိပ်နိုင်မစားနိုင်ဖြစ်ခဲ့ရတယ်  ။

လူတွေက ပထမဆုံးအကြိမ်ချစ်မိကြရင် ဒီလိုအရူးလေးတွေဖြစ်သွားတတ်ကြတာတဲ့ ။

Joကတော့ ပိုပြီးတောင်အရူးရင့်သေးတယ် ။ ဒါသူအရွယ်ရောက်ပြီးကတည်းက ပထမဆုံးအကြိမ်ချစ်မိတာဖြစ်တယ် ။ ငယ်ငယ်တုန်းကတော့ အတန်းထဲကကောင်မလေးတစ်ယောက်ကို ချစ်တယ်လို့ ထင်မိခဲ့ပေမယ့် အဲ့ဒီတုန်းက အခုလိုတွေ မခံစားခဲ့ရပါ ။

အခုဟာက ထမင်းစားလဲ Kပဲမြင်နေ ၊ ရေသောက်လဲ ဖန်ခွက်ပေါ်Kကပေါ်နေ ၊ ယုတ်ဆွအဆုံး အိမ်ကမိသားစုတွေရဲ့ မျက်နှာကတောင် Kနဲ့တစ်နေ့တစ်ခြားတူလာသလိုမျိုး ။

Jo သိပ်စိတ်ဆင်းရဲရပါသည် .... ။

အဲ့တာကြောင့် အိပ်မပျော်တဲ့တူတူ စောစောထပြီး Basket ballလာဆော့လိုက်ရင်ဖြင့် စိတ်ငြိမ်မလားဆိုတဲ့ စိတ်နဲ့ ကွင်းထဲကို ရောက်လာခဲ့ပေမယ့် ကွင်းအပြင်ကနေ သူ့နာမည်ကိုအော်ခေါ်လိုက်သည့်Kကြောင့် ဒီအစီအစဥ်က အလုပ်မဖြစ်တော့ပါ ။

" K kun .. "

" အစောကြီးဘာလာလုပ်တာလဲ JoJo
ကြည့်စရာကောင်မလေးတွေများရှိလို့လား "

​Kက ခါတိုင်းလိုပဲ ပြောင်စပ်စပ်နဲ့ ပြောရင်း Joပခုံးကို မနာအောင်လှမ်းထိုးသည် ။ မေမေရေ .. သားတော့ ဒီအင်္ကျီကိုတောင် လျှော်ဖို့ ချွတ်မပေးချင်တော့ဘူး Kလက်နဲ့ထိထားတာမို့လေ ... ။

" ရော် ဘာတွေတွေးနေမှန်းမသိ .. ကိုယ်ပြောတာကြားရဲ့လား "

" အော် ဟုတ် ကြားပါတယ် - "

Joကစကားတောင်ဆုံးအောင်မပြောနိုင်တော့ ။  Kရဲ့လက်တွေက သူ့ပါးကို ဂျုံနယ်သလိုနယ်လာတာမို့လေ ။

" ဟဟ မင်းပါးတွေက ကိုင်လို့ကောင်းတယ်နော် ။ Mochiလေးလိုပဲ ။ အိကျိအိကျိနဲ့ နို့နံ့လေးပါရနေတယ် ။ ကလေးလေးလား ဟမ် အခုထိ ကလေးLotionတွေလိမ်းနေတာလား "

Playboy In Love ( K.JO )Where stories live. Discover now