"အစ်ကိုကြီး၊ မကြာခင် မိသားစုမှာ ကလေးတစ်ယောက် ရှိလာတော့မှာလား" တပေါလည်းပဲ ပျော်ရွှင်နေတယ်။ နောက်ဆုံးတော့ မိသားစုထဲမှာ သူ့ထက်ငယ်တဲ့ ကလေးတစ်ယောက်ရှိလာတော့မယ်လေ ဟဟဟဟ။

လိန်းကျယ်ကတော့ အသံကျယ်ကျယ်နဲ့ မမေးမြန်းပေမယ့် နွေဦးလေပြည်တွေနဲ့ ပြည့်နှက်နေတဲ့ ခဲယ်လ်တစ်ကိုပဲ ဆက်စိုက်ကြည့်နေတယ်။ မေးနေစရာကို မလိုဘူး၊ သူ့ရဲ့ပုံစံကိုမြင်လိုက်ရတဲ့ ပထမဆုံးအကြည့်တစ်ချက်နဲ့တင် အမှန်ပဲဆိုတာ သိသာတယ်။ဒါပေမယ့် သူ့ညီအစ်ကိုက တကယ်ကို အံ့သြစရာကောင်းတယ်။ ဒီအတွဲက တွဲဖက်ထားတာ လအနည်းငယ်သာရှိသေးပြီး ပိုင်မုမှာ ကလေးရှိနေပြီတဲ့။ အဲဒါက လူတွေကို တကယ်ပဲ မနာလိုဖြစ်စေပြီး မုန်းတီးစေတယ်။

"ဟုတ်​တယ်​ ​နောက်​နှစ်​ကျရင်​ သားရဲ​ဖခင်ဖြစ်​လာတော့မယ်​" ခဲယ်လ်တစ်က ရူးကြောင်ကြောင်လေးပြုံးလိုက်တယ်။ သူ သားရဲဖခင်ဖြစ်တော့မယ်လို့ မျိုးနွယ်စုတစ်ခုလုံးကို ပြောပြလိုက်ချင်တယ်။ဒါပေမယ့်လည်း လူတိုင်းက သူ့ပျော်ရွှင်မှုကို ခံစားမိပါတယ်။

"အစ်ကိုကြီး ဂုဏ်ယူပါတယ်" အန်းချီလော့နဲ့တပေါတို့က အတည်ပြုပြီးနောက် ပျော်ရွှင်စွာ ကခုန်လိုက်ကြတယ်။

"ကလေးအတွက် အဝတ်အစားတွေ များများလုပ်ထားရမယ်၊ နွေးနွေးထွေးထွေးနေရဖို့ ပိုလုပ်ထားရမှာပေါ့ လာမယ့်ဆောင်းရာသီမှာ ဘယ်လောက်အေးမယ်ဆိုတာ မသိရဘူး‌‌လေ”အန်းချီလော့က ပိုင်မု အချုပ်အလုပ်မကောင်းမွန်တာကို သိထားတာကြောင့် ကလေးအတွက် အဝတ်အစားတွေ ပြင်ဆင်တာကို အလိုအလျောက် ဂရုစိုက်ပေးခဲ့ပါတယ်။ Orcငယ်လေး(တပေါ) မွေးခဲ့တုန်းက အ၀တ်အစားတွေရှိသေးလို့ လောလောဆယ်တော့ အစ်ကိုကြီးပိုင်မုရဲ့ကလေးအတွက် အ၀တ်အစားမလိုလောက်ဘူးလို့ သူတွေးနေတာ။ မိန်းမပျိုငယ်လေးမွေးခဲ့ရင်တောင် နောက်ပိုင်းမှာ အဲ့ဒီအ၀တ်အစားကို အသုံးပြုလို့ရနိုင်တာပါပဲလေ။(တပေါမွေးခါစတုန်းက အ၀တ်အစားမို့လို့ ပိုင်မု orcလေးမွေးလာရင် အဆင်ပြေတယ် တကယ်လို့ မိန်းမပျိုငယ်လေးမွေးလာရင်တောင် နောက်မွေးမယ့်ကလေးက orcလေးဖြစ်နေရင် အသုံးပြုလို့ရပါတယ်တဲ့)

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now