Chapter 28.2

4.5K 750 27
                                    

(Unicode)

"ကစားလို့ရတဲ့အရာတစ်ခုပါပဲ ပစ္စည်းကိရိယာမဟုတ်ဘူး"ပိုင်မုက အပြာရောင်သစ်သားကို ကောက်ယူလိုက်ပြီး လက်ညိုးလေးနဲ့ ထိကာ ထိပ်ကနေ အောက်ခြေအဆုံးထိ ဖြတ်နေတာကို မရပ်တန့်လိုက်ပဲနဲ့ ရှင်းပြတယ်။ စင်တီမီတာအနည်းငယ်ခန့်အကွာလောက်မှာ အစွန်းနှစ်ဖက်စလုံး အပေါက်တွေပါတဲ့ ဆလင်ဒါအပိုင်းတစ်ခုကို တွေ့ခဲ့ပြီး ပိုထူတဲ့ အပြာရောင်သစ်သားကို ဖြတ်တောက်လိုက်တယ်။

ပိုင်မုက ပါးလွှာတဲ့အပြာရောင်သစ်သားမှာ  အပေါက်ဖောက်လိုက်ပြီး ထို့နောက်  စတုဂံပုံအပြာရောင်သစ်သားတုံးကို ဖြတ်ဖို့ ပိုထူတဲ့အပြာရောင်သစ်သားကို အသုံးပြုခဲ့တယ်။ဒုလုံးရှည်ရဲ့အလယ်မှာ အပေါက်တစ်ခုကို ဖောက်ပြီး ရေခဲချောင်းထက် ပိုကြီးတဲ့အပိုင်းကို ဖြတ်လိုက်တယ်။  အချို့ဆလင်ဒါတွေကို အပေါက်တွေထဲ ထည့်လိုက်ပြီး လုံခြုံအောင် ပြုလုပ်ထားတယ်။  ဒီရိုးရှင်းတဲ့ဝါးပုစဉ်းလေးကတော့ တစ်ဝက်ပြီးသွားပြီ။(ယူတို့နားလည်လားနားမလည်ဘူးလားတော့ ကိုယ်မသိဘူး ကိုယ်ကတော့ ဘာသာပြန်နေရင်း နား'လည်'သွားပါပြီ🥴)

ထို့နောက် ပိုင်မုက ချည်မျှင်စိမ်းသုံးချောင်းယူလိုက်ကာ သူတို့အတူတကွ ရစ်ပတ်လိုက်ပြီး ပိုထူလာအောင် လုပ်လိုက်တယ်။ထို့နောက် ချည်မျှင်က ဒုလုံးရှည်ရဲ့သေး‌ငယ်တဲ့အပေါက်ကို ဖြတ်သန်းသွားပြီး သစ်သားပြားအောက်က လုံး၀န်းတဲ့တုတ်ချောင်းတဝိုက်ကို ချည်မျှင်က ပတ်လိုက်တယ်။ထို့နောက် ဒုလုံးရှည်ထဲ အပြီးသတ်ထားတဲ့ ဝါးပုစဉ်းကို ထည့်လိုက်ပြီး ဒုလုံးရှည်ရဲ့အပြင်ဘက်မှာ ပေါ်လာတဲ့ ချည်မျှင်ရဲ့အဆုံးကို ဆွဲလိုက်တယ်။ဝါးပုစဉ်းလေး ပျံသန်းလို့ရလိမ့်မယ်။

ပိုင်မုက သူ့အတွက် တစ်ခုခုလုပ်ပေးနေတယ်လို့ ပြောတာကို တပေါကြားသွားတဲ့အခါ သူက ပိုင်မုရဲ့ရှေ့ကို ရွှေ့သွားပြီး အပြာရောင်သစ်သားပြားတွေနဲ့ တစ်ခုခုလုပ်နေတာကို ကြည့်ခဲ့တယ်။  နောက်ကျောလွယ်ခြင်းတောင်းရက်လုပ်နေတဲ့ မိန်းမပျိုတွေကလည်း ပိုင်မုလုပ်နေတဲ့အရာကို သိချင်စိတ်ပြင်းပြနေကြတယ်။  အမြီးလေးနဲ့အတူ ပျံတက်နေတဲ့ သစ်သားပြားလေးကို သူတို့မြင်တဲ့အခါ သူတို့အားလုံးက ရှေ့ကိုသွားပြီး တချက်သွားကြည့်ချင်ကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now