" အ!... အာ!.. အ... အစ်!... အာ... အ "

စကားပြောချင်လို့ အတင်းညှစ်ထုတ်နေတဲ့ အသံလေးက ထယ်ယောင်းရဲ့ ရင်အစုံကို ကြေမွစေသည်။ သူများတွေအတွက်.. နားမလည်တဲ့ စကားလုံးလေးတွေပေမဲ့.. သူအတွက်ကတော့ နားလည်တာထက်ပိုနေတာကြောင့်..ခံစားရသည်။

အကြည့်!...ကိုကိုရဲ့ အကြည့်တွေက သူ့ကို တောင်းပန်သလိုကြည့်နေပြီး... ထားမသွားဖို့ပြောနေသလိုပင်...

" မောင်...မောင် နားလည်တယ် ကိုကို..နောက်ဆို မောင် ကိုကို့ကို ထားမသွားတော့ဘူး....ဆက်မပြောနဲ့တော့နော်..ကိုကိုလည်ချောင်းတွေနာနေအုံးမယ်.. "

နာကျင်လို့ ရှုံ့မဲ့နေပေမဲ့ ဆက်‌ပြောနေတဲ့ ကိုကိုကြောင့် ထယ်ယောင်း တားလိုက်ရသည်။ကိုကိုနာကျင်မှာဆို သေမတတ်ကြောက်တဲ့သူက... ဘယ်အရာမှ ထိခိုက်အောင်လုပ်တာကို ကြည့်မနေနိုင်...

တစ်ညလုံး မအိပ်စက်ဘဲ မောင် ပြန်အလာကို ထိုင်ကာစောင့်နေမိတဲ့ သူ... သူမျှော်နေမိတာ..တကယ်ဘဲ မောင်‌ပြန်လာခဲ့တယ်...မောင်က သူ့ဆီပြန်လာခဲ့တယ်...မှောင်နေတဲ့ သူ့ကမ္ဘာရဲ့ နေမင်းကြီး ပြန်တွေ့လိုက်သလိုပင်..ဟုတ်တယ် မောင်ကသူ့ရဲ့ နေမင်း..

တစ်ညလုံးထိုင်နေလို့ ထံကျင်နေတဲ့ ခြေထောက်ကို ဥပေက္ခာပြုပြီး... မောင့်ရဲ့ ရင်ခွင်ထဲ ပြေးဝင်ပြီး ပျောက်သွားမှာစိုးလို့ ပိုပြီး ဖက်တွယ်ထားမိသည်။ပြီးတော့ စကားမပြောနိုင်မှန်းသိပေမဲ့ သူ့ကို မထားခဲ့ဖို့ မောင့်ကို မှာဖို့ ခက်ခက်ခဲခဲ ထုတ်လိုက်ပေမဲ့ လက်တွေ့မှာတော့ လည်ချောင်းတွေသာနာပြီး..စကားလုံးကထွက်မလာ...သူအရမ်းနာကျင်ရတာဘဲ..မောင့်ကို ပြောချင်တာမပြောရတဲ့ဘဝက ဘယ်လောက်တောင် နာကျင်ရလဲ...

ဒါပေမဲ့ မောင်က သူ့ကို ထားမသွားဘူးလို့ပြောနေတာ‌ထင်တယ်..သူ့စိတ်ထဲအေးသွားရ၏။ မောင့်ရင်ခွင်ထဲတိုးဝင်ပြီး.. မောင့်ရဲ့ ကိုယ်သင်းနံ့ကိုရှူရှိုက်နေမိသည်။တစ်ညလုံးအသာမသားထားတာရော..ခေါင်းမူးတာရောရောပြီး သူ့ရဲ့ အမြင်အာရုံတွေက ဝေဝါးလာ၏။သူအိပ်လို့ရမှာပါ..မောက့်ရင်ခွင်ထဲရောက်နေပြီဘဲ..သူလုံခြုံသွားပြီ...တဖြည်းဖြည်းကြီးစိုးလာတဲ့ အမှောင်ထုတွေကြားမှာ သူသတိလွတ်ပြီး အသိစိတ်နဲ့ ကင်းကွာသွားသည်။

Dear Ko Ko ( Complete)Donde viven las historias. Descúbrelo ahora