" အဲ့ဒါနဲ့ ဘဲ မင်းက အိမ်ပြန်မလာဘူးပေါ့..ဟုတ်လား... ဂျောင်ဂုက မင်းကိုယ်တိုင် လက်ထပ်ချင်လို့ပါဆိုပြီး ငါတို့ကိုပြော လက်ထပ်ပေးထားတာနော်..ဘာတွေဘဲ ဖြစ်လာဖြစ်လာ..မင်းရဲ့ လုပ်ရက်တိုင်းက သူ့ကို ထိခိုက်လို့ မရဘူးဆိုတာသိလား.. "

" ကျွန်တော် နားလည်ပါတယ် ဒယ်ဒီ... "


" ပြောလိုက်ရင် နားလည်ပါတယ်..ပြီးရင် မင်းလုပ်ပုံက မဟုတ်ဘူး..အဲ့ကလေး ဘယ်လောက်တောင် စိတ်မကောင်းဖြစ် နေလဲမင်းသိလားကွ... သူက မင်းမျက်နှာနဲ့ အသက်ရှင်နေတယ်ဆိုတာသိတယ်မလား.. "

" ကျွန်တော် သိပါတယ် ဒယ်ဒီ.. "

ဒယ်ဒီပြောတာတွေက မှန်နေတော့ ထယ်ယောင်းလည်း ခေါင်းငုံ့ကာ ငြိမ်ခံမိသည်။

" တော်ပါတော့ အစ်ကိုရယ်..သား..သွား..သားကိုကိုဆီ..ညကလည်း ညစာ မစားဘူးထင် ဂျူးပြောတာ.. သွားပြီး မင်းပြန်ရောက်တာ အသိပေးလိုက်.. "

" တကယ်လား..ကိုကိုအခုထိ ဘာမှ မစားရသေးဘူးလား မာမီ..ဒါဆို သား သွားကြည့်လိုက်အုံးမယ်.."

ကိုကိုညစာမစားရသေးဘူးဆိုတာကြောင့်..ထယ်ယောင်း အပြေးအလွှား အပေါ်ထပ်တက်သွားသည်။

" ဝုန်း!.. "

" ကိုကို~.. "

အခန်းတံခါးကို ဆွဲဖွင့်ပြီး ခေါ်လိုက်တော့ ကုတင်ပေါ်မှာ ခေါင်းအုံးကိုမှီပြီး..ထိုင်နေတဲ့ ကိုကို....ကိုကို့ရဲ့ မျက်လုံးတွေက ငိုထားတာကြောင့် ဖူးမို့နေပြီး...မျက်ကွင်းတွေညိုနေ၏။တစ်ညလုံးမအိပ်ဘဲ ငိုနေတာလား ကိုကိုရယ်..

သူ့ကိုမြင်တော့ ကုတင်ပေါ်က ဆင်းလာတဲ့ ကိုကို...

" ကိုကို~.. "

သူ့ကို ပြေးဖက်လာတဲ့ ကိုကိုက လွတ်ထွက်သွားမှာဆိုးလို့ အတင်းဖက်တွယ်ထားတဲ့ပုံပင်.. ရင်ခွင်ထဲဝင်ပြီး တသိမ့်သိမ့်ရှိုက်ငိုနေတဲ့ ကိုယ်လေးကြောင့် ထယ်ယောင်း မနေတတ်တော့ပေ..ကိုကို့ကသူ့ကြောင့်ငိုနေတာလေ...

ရင်ခွင်ထဲဝှက်ထားတဲ့ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွလေး ယူကာကြည့်လိုက်တော့ မျက်ရည်တွေနဲ့ မော့ကြည့်လာတဲ့ကိုကို... တဆက်ဆက်တုန်နေတဲ့ နှုတ်ခမ်းပါးလေးက တစ်ခုခုကိုပြောနေသယောင်..

Dear Ko Ko ( Complete)Hikayelerin yaşadığı yer. Şimdi keşfedin