ခဲယ်လ်တစ်က သူ့ရဲ့တိရစ္ဆာန်သားရေနဲ့ ဖိနပ်တွေကို ချွတ်လိုက်ပြီး ခန်ကုတင်ပေါ်ထိုင်ကာ ကုတင်ပေါ်ရှိ စားပွဲပေါ်ကနေဖြတ်ပြီး အန်းချီလော့တို့နှစ်ယောက်ကို ကြည့်လိုက်တယ်။ "ဒီနေ့ ပိုင်မုဘာဖြစ်တာလဲ" ဘာလို့လဲဆိုတော့ သူပြန်လာတုန်းက သတိရှိ‌နေတဲ့အငယ်လေးနှစ်ယောက်ကို မြင်တွေ့ခဲ့ရတာကြောင့် ပိုင်မုတစ်ခုခုဖြစ်နေမှာကို စိုးရိမ်သွားခဲ့တာ။

အန်းချီလော့နဲ့တပေါက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး အခြေအနေကို ရှင်းပြသင့်တယ်လို့ အန်းချီလော့ ဆုံးဖြတ်လိုက်တယ်။ဒါနဲ့ အန်းချီလော့က မနက်ခင်းမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ပြန်ပြောပြတယ်။ ခဲယ်လ်တစ်က အန်းချီလော့ရဲ့စကားကို နားထောင်ပြီးနောက် ပိုင်မုနိုးလာတဲ့အချိန် အဆင်မပြေသေးရင် တာ့ဝူဆီခေါ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ဒါမှသာ သူစိတ်အေးနိုင်လိမ့်မယ်။

"အစ်ကိုကြီး လိန်းကျယ်က မင်းနဲ့တူတူ ဘာလို့ ပြန်မလာတာလဲ" ခဲယ်လ်တစ်ပြန်ရောက်လာတာ အချိန်အတော်ကြာသွားပေမယ့် လိန်းကျယ်ကိုတော့ မမြင်ရသေးတာကြာင့် အန်းချီလော့က စိုးရိမ်သောကအချို့နဲ့ မေးမြန်းလိုက်တယ်။

"လိန်းကျယ်က မြို့ဂိတ်တံခါးမှာ စောင့်နေရတုန်းပဲ ဒီတိုက်ပွဲက အချိန်နည်းနည်းကြာလိိမ့်မယ် ငါအနားယူပြီးရင် သူ့နေရာမှာအစားထိုးပြီး သူကတော့ အနားယူဖို့ ပြန်လာလိမ့်မယ်"

အန်းချီလော့က လိန်းကျယ်ကို ဂရုစိုက်ကြောင်း ခဲယ်လ်တစ်သိတာကြောင့် မြို့ဂိတ်တံခါးမှာရှိတဲ့ အခြေအနေအကြောင်း သူ့ကို အသေးစိတ်ရှင်းပြ ပေးလိုက်ပြီး လိန်းကျယ်က မတော်တဆမှုဖြစ်မှာမဟုတ်ဘူးလို့ အာမခံလိုက်တာကြောင့် သူသက်သာရာရသွားတယ်။

"အစ်ကိုကြီး မြန်မြန်အနားယူလိုက်ပါ မင်း အနားယူမှသာ တိုက်ပွဲဝင်ဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေနိုင်မှာ" ခဲယ်လ်တစ်စကားကို နားထောင်ပြီးနောက် တပေါက ခဲယ်လ်တစ်ကို အနားယူဖို့ အလျင်အမြန်တိုက်တွန်းလိုက်တယ်။ သူ့ရဲ့သိမြင်နိုင်စွမ်းအရ သားရဲအုပ်နဲ့ တိုက်ခိုက်ခြင်းက အရမ်းကိုအန္တရာယ်များတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now