အပိုင်း-၁၃

Zacznij od początku
                                    

"နင်က နေရာအတည်တကျရှိရှာတာဆိုတော့"

CEO က ပြောရင်းဆိုရင်း ယူဂျင်းတို့နားလာထိုင်တယ်။
သူတို့ကိုကြည့်ရတာ သူငယ်ချင်းအရင်းကြီးတွေလိုပဲ။

"ဘေဘီ ၊ ဟိုမှာ သူဌေး Yang တို့လာနေတယ်
ကိုယ် ခနသွားလိုက်ဦးမယ်နော်"

"အင်း "

ဝန်ယောင်းထွက်သွားရာနောက်ကို မဆုံးနိုင်အောင်လိုက်ကြည့်နေတဲ့သူက ယူဂျင်းတစ်ယောက်ထဲမဟုတ်ခဲ့ပါ။

"ယူဂျင်း သူက အစ်မရဲ့ငယ်သူငယ်ချင်းလေ
ပန်းချီဝါသနာပါပေမယ့် ဆရာဝန်ဖြစ်သွားတဲ့ကောင်မလေးပေါ့ ၊ အခု NGO အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေပြီး တစ်နေရာကတစ်နေရာကို ပြောင်းနေလို့ အရိပ်တောင်ဖမ်းမမိတော့ဘူး"

"အစ်မက ဆရာဝန်လား
ထင်တော့ထင်သားပဲ.....
မြင်ကတည်းက တော်မယ့်ထက်မယ့်ရုပ်လေးမလို့ သာမန်လူတော့မဟုတ်လောက်ဘူးလို့"

"ညီမလေးကတော့ မြှောက်နေပြန်ပါပြီ
နောက်မှ ယူဂျင်းကို ထမင်းလိုက်ဝယ်ကျွေးရမယ်"

"တကယ်ပြောတာပါ အစ်မရယ်
ဒါနဲ့ အစ်မက မိသားစုနဲ့အတူတူမနေဘူးလား"

"မနေဘူး ယူဂျင်းရဲ့
တို့မိဘတွေနဲ့ညီမလေးက ဒီမှာပဲအခြေချတာဆိုတော့ ဘယ်အချိန်မဆို ပြန်လာလို့ရနေတာပဲ
တစ်နှစ်ကို လေးငါးခေါက်လောက်တော့ပြန်ရောက်ပါတယ်
တစ်ခါတစ်လေတော့လဲ အစ်မရောက်ရာအရပ်ကိုသူတို့လာလည်ကြတာပဲ"

"ဪ.... ကျွန်မလဲ ခရီးထွက်ရတာဝါသနာပါတယ် အစ်မရဲ့
review တွေပေးဦးနော်"

"ပေးရမှာပေါ့..... အစ်မတို့မကြာခနတွေ့လို့ရတာပဲလေ"

အစ်မမင်ဂျူက တကယ်ခင်ဖို့ကောင်းတဲ့လူပါ။
ဖြူစင်ပြီးအပြစ်ကင်းတဲ့အလှမျိုးကို ပိုင်ဆိုင်ထားသူရယ်ပါ ၊ ဝန်ယောင်းလိုပူလောင်တဲ့အလှမျိုးမဟုတ်......
ဆရာဝန်မလို့လားတော့ မသိ.....
သူ့ဆီမှာ သူများကိုဒုက္ခပေးမယ့်အရိပ်အယောင်သီသီလေးတောင် မတွေ့ရ.....
ဒီလိုလူမျိုးက အနားကလူတွေကို အေးချမ်းစေမယ့်သူပဲ။

"ပင်ပန်းနေပြီလား ယူဂျင်း"

ညရောက်တော့ ဝန်ယောင်းတို့အိမ်မှာပဲယူဂျင်း ညအိပ်ဖြစ်တယ်။
ဝန်ယောင်းတို့အိမ်ဆိုတာ သူတို့မိသားစုနေခဲ့တဲ့ ခြံဝန်းအကျယ်ကြီးထဲက အိမ်ကိုပြောတာပါ။
ဝန်ယောင်းတစ်​ယောက်ထဲနေတဲ့ တိုက်ခန်းမဟုတ်.....

"မမရယ်...... ဘေဘီ့ကို ဝန်ယောင်းဂီခေါ်ထားလဲရရဲ့သားနဲ့"

"ရော်.... နောက်လဲ အတူတူနေရတော့မှာပဲကို
ယောင်းလေးနော် ၊ မနက်​ဖြန်လက်ထပ်ပွဲနေ့နော်
ဒီညစောစောအိပ်"

ဝန်ယောင်းက နှုတ်ခမ်းလေးတထော်ထော်နဲ့သူ့အခန်းထဲဝင်သွားတယ်။
ယူဂျင်းကတော့ CEO ရဲ့အခန်းထဲမှာအိပ်ရမှာပါ။
အဲ့ဒါပဲ ကောင်းပါတယ်။
မဟုတ်ရင်......
ယူဂျင်း သူ့အတွေးကိုသူပြန်ရှက်သွားရတယ်။

"ယူဂျင်း "

"ရှင်"

CEO က ယူဂျင်းကို ကြင်နာသနားတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်။

"ဝန်ယောင်းကို ချစ်လား"

ယူဂျင်း ခေါင်းငြိမ့်ပြလိုက်တယ်။
ပြီးတော့ ရီချင်သွားတယ်။

"အဲ့ဒီ့မေးခွန်းကို မေးတဲ့လူတွေများပေမယ့် ဝန်ယောင်းက မမေးဘူး အစ်မရဲ့"

"သူက ဘယ်တော့မှမေးလာမှာမဟုတ်ဘူး"

"ဘာလို့လဲဟင်"

"သူ သိပြီးသားမလို့ပေါ့"

ယူဂျင်းတို့ ညအိပ်ဝမ်းဆက်ဆင်တူဝတ်ပြီး ကုတင်ပေါ်ထိုင်လိုက်ကြတယ်။
ဒီလိုအိမ်နေရင်းပုံစံနဲ့တွေ့လိုက်ရတော့လဲ CEO က ဝန်ယောင်းနဲ့တူသား......

"ယူဂျင်း ပျော်နေတယ်မလား"

"ပျော်တာပေါ့ အစ်မရဲ့
သူနဲ့အတူ ဘဝကိုတည်ဆောက်ရတော့မှာလေ
ကျွန်မလေ...... သူ့ကို စောင့်ရှောက်ပေးမှာ
သူဆိုးရင်လဲ ခွင့်လွှတ်ပေးမှာ"

"ခွင့်မလွှတ်နိုင်လောက်အောင် ဆိုးနေရင်ရော"

"အဲ့ဒါဆိုရင် ဆုံးမရမှာပေါ့"

"ယူဂျင်း..... ညီမလေး မဖြေရှင်းနိုင်တော့ရင် အစ်မဆီကို လာခဲ့နော်
မြိုသိပ်ထားတာတွေ မလုပ်ရဘူး"

"ဟုတ်ကဲ့"

"အိပ်ရအောင် "

မနက်ဖြန်အတွက် ယူဂျင်းရင်တွေခုန်ရပါတယ်။
ကိုကိုနဲ့လက်ထပ်ရင် ဘယ်လိုဆိုပြီး တွေးဖူးပေမယ့် ကိုယ့်ထက်ငယ်တဲ့ကောင်မလေးကို လက်ထပ်ရမယ့်အကြောင်းတော့ မတွေးဖူးပါ။
အဲ့ဒါကပဲ ပိုစိတ်လှုပ်ရှားစေတာထင်ပါရဲ့။
အနာဂတ်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ ရင်ဆိုင်ဖို့အားအင်တွေ ယူဂျင်းမှာရှိပါတယ်လေ။
သူသာ အနားမှာရှိနေရင်ပေါ့......



































My heart leaps up when I beholdOpowieści tętniące życiem. Odkryj je teraz