ပိုင်မုက အဲ့ဒါကို အရင်ဆုံးမြင်လိုက်ရတဲ့အချိန်မှာ အေးခဲနေတဲ့ရေတွေနဲ့ ဖုံးလွှမ်းနေတဲ့ ငွေရောင်ကမ္ဘာကြီးကို ကြောက်ရွံ့မှုမရှိဘဲ ကြည့်လိုက်မိတယ်။ အခု သူက ဒီအရာတွေကို ကြည့်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ သားရဲအုပ်ကိုသာ တွေးမိနေလိမ့်မယ်။ သူ့နောက်ကနေ တစ်စုံတစ်ယောက် ချဉ်းကပ်လာနေတယ်လို့ သူခံစားလိုက်ရပြီး ဘယ်သူရောက်လာလဲဆိုတာကိုတော့ သူပြန်လှည့်ကြည့်ဖို့ မလိုအပ်ပါဘူး။ သူက တိုးတိုးလေးမေးလိုက်တယ်။ "ခဲယ်လ်တစ် ဒီနှစ် သားရဲအုပ် ဘယ်အချိန်လာမယ်လို့ ပြောလဲ"

"ကိုယ်မသိဘူး ဒါပေမယ့် ကိုယ်တို့ပြောင်းရွေ့ထားတယ်လေ ဒီနှစ်တော့ ခါတိုင်းထက် ပိုအိပ်ရမယ့်ညတွေ များမှာပါ!" ခဲယ်လ်တစ်က အနက်ရောင် သားမွေးကုတ်အင်္ကျီကို ၀တ်ထားတယ်။ ခါးပိုင်းနားရှိဒီဇိုင်းက သူ့ကို ဖောင်းဖောင်းလေးဖြစ်စေရုံသာမက ပိုပြီး‌တော့လည်း ချောမောသွားစေတယ်။ သူက ပိုင်မုနဲ့ ဘေးချင်းကပ်ရပ်ပြီး သက်၀င်တက်ကြွမှုတွေ ပျောက်ဆုံးနေပုံရတဲ့ ဒီကမ္ဘာကြီးကို ကြည့်နေတယ်။ ဒါပေမယ့် ထူထပ်တဲ့နှင်းတွေအောက်မှာ ပြင်းထန်တဲ့ အသက်ရှုသံတွေ ရှိနေတာကို သူသိတယ်။ထူထပ်စွာ ကျဆင်းထားတဲ့နှင်းတွေ အရည်ပျော်ပြီးနောက် ၎င်းတို့က သက်၀င်တက်ကြွမှုအသစ်တွေ ပြည့်နှက်သွားလိမ့်မှာပါ။

"ဒီနှစ် မင်းမှာ အားအင်အပိုလေးတွေရှိရင် သားရဲအုပ်ရဲ့ မူမမှန်တဲ့အကြောင်းရင်းကို ရှာကြည့်ဖို့ မျိုးနွယ်စုခေါင်းဆောင်ကို တစ်ယောက်ယောက်စေလွှတ်ပြီး ရှာခိုင်းကြည့်လိုက်ပါ အကြောင်းရင်းကိုသိရရင် မင်းမှာ အောက်ခြေလိုင်းတစ်လိုင်းလောက် ရှိသွားလိမ့်မယ်" တစ်ခုခုမူမမှန်နေရင် အဲ့ဒါက နတ်ဆိုးပဲ။ ပြဿနာရဲ့ မူလဇစ်မြစ်ကို ရှာဖွေဖော်ထုတ်တာကသာ သူတို့တွေ မျိုးနွယ်စုကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်လိမ့်မှာဖြစ်တယ်။ ပြီးတော့ ဒါက မိမိကိုယ်တိုင်နဲ့ ရန်သူကိုသိရှိခြင်းလို့လည်း မှတ်ယူနိုင်ပြီး စစ်ပွဲတစ်ရာကို အဆုံးသတ်နိုင်လိမ့်မယ်။

"အင်း" ပိုင်မု ဘာမှမပြောရင်တောင် မျိုးနွယ်စုခေါင်းဆောင်က သူ့မှာ အားအင်အပိုရှိမရှိ စုံစမ်းဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်လာမှာပဲ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now