~

~

~

ကားပါကင်သေချာထိုးပြီး...ကစားကွင်းဝသ်ခွင့်လက်မှတ်ကိုဖြတ်ကာ..ကိုကိုကို ခေါ်ပြီး အထဲဝင်လိုက်ကြသည်။ ကိုကိုကတော့ မြင်သမျှကို အထူးအဆန်းကြည့်နေသည်။ ပိတ်ရက်မို့ ကစားကွင်းမှာ လူများနေ၏။ အများအားဖြင့် ကလေးတွေကို လိုက်ပို့ကြတဲ့ မိသားစုတွေပင်...ဆယ်ကျော်သက်လေးတွေလည်းတွေ့ရ၏။

" ကို~.. "

ထယ်ယောင်း စကားပြောမလို့...နောက်ကို လှည့်ကြည့်တော့ ကိုကိုက ပါမလာ...လှည့်ပတ်ပြီး ရှာကြည့်လိုက်တော့...ပင်လယ်ဓားပြလှေနားမှာ ရပ်ပြီး ကြည့်နေတဲ့ ကိုကို...အပြေးသွားပြီး ကိုကို့ရဲ့ လက်ကို ဆုပ်ကိုင်လိုက်တော့....သူကို လက်ညိုးထိုးပြီး ပင်လယ်ဓားပြကို ပြကာ ရယ်နေတဲ့ ကိုကို..

*~.မောင်အဲ့ဒါက..မိုးပေါ်ပျံနေတဲ့ လှေကြီးမလား...သူတို့တွေ စီးနေတာ ပျော်စရာကောင်းမယ်ထင်တယ် ပါးစပ်ကြီးတွေဟပြီး ရယ်နေကြတာလားဟင်.~*

ဒီလောက်...နားမခံသာအောင် အော်နေကြတာကို ကိုကိုက ရယ်နေကြတာလားတဲ့..အေးလေ.ကိုကိုက ကြားမှ မကြားနိုင်တာဘဲ....ပြီးတော့..ဘာတဲ့..မိုးပေါ်ပျံနေတဲ့ လှေကြီးတဲ့. သူ မလို့ ခေါ်တတ်တယ်..အတွေးနဲ့ အတူ..ပြုံးလိုက်မိ၏။

*~.အဲ့ဒါက ပင်လယ်ဓားပြလို့ခေါ်တယ်..ကိုကို..ပြီးတော့ သူတို့က ရယ်နေကြတာမဟုတ်ဘူး..ကြောက်လို့ အော်နေကြတာ...~*


*~.ဟုတ်လား..မောင် ကိုကို စီးကြည့်ချင်တယ်.~*

ထယ်ယောင်းလည်း...လက်မှတ်နှစ်ဆောင်ဖြတ်ပြီး ကိုကို့လက်ကို တွဲကာ..ပင်လယ်ဓားပြ ထိုင်ခုံမှာ ဝင်ထိုင်လိုက်၏။


" ကိုကို ကြောက်ရင် မောင့်လက်ကို တင်းတင်းဆုပ်ထားနော်.."

ထယ်ယောင်း ဆုပ်ကိုင်ခားတဲ့ လက်ကို ထောင်ပြလိုက်ပြီး ပြောလိုက်တော့ ကိုကိုက ခေါင်းငြိမ့်ပြလာသည်။

" ဝူးး "

" အားးးးး အိုမား..... အားးးးး "


" ဟားး...ဟားးးး ဟားးး "

" အားးး ကယ်ကြပါအုံး...အားးးး "

Dear Ko Ko ( Complete)Where stories live. Discover now