လတ်တလောမှာ ခဲယ်လ်တစ်၊လိန်းကျယ်နဲ့အေဘယ်တို့က တခါတရံ အမဲလိုက်ထွက်လေ့ရှိတယ်။ အိမ်သစ်အတွက် တိရိစ္ဆာန်သားရေတွေအပြင် အဝတ်အစားတွေပြုလုပ်ဖို့ ကြည့်ကောင်းတဲ့ တိရစ္ဆာန်သားရေတွေနဲ့ ကောင်းမွန်တဲ့သားမွေးတွေကိုလည်း ပြင်ဆင်ထားဖို့ လိုအပ်တယ်။ သူတို့ သားကောင်ပြန်သယ်လာတဲ့အချိန်တိုင်း ပိုင်မုက အဲ့ဒါတွေကို ဘေကွန်အဖြစ်ပြုလုပ်လိမ့်တယ်။ ပိုင်မုက ဆန်နဲ့ကောက်ညှင်းအချို့ကိုလည်း ယူထုတ်ထားပြီး အခွံချွတ်ပြီးနောက် အခမ်းအနားမှာ အသုံးပြုဖို့ရာ အသင့်ဖြစ်နေပြီဖြစ်ပါတယ်။

ခဲယ်လ်တစ်က ဒီတလော အရမ်းပြုံးပျော်နေခဲ့ပြီး အန်းချီလော့ရဲ့ အရွယ်ရောက်အခမ်းအနားကို စောင့်မျှော်နေရဆဲဖြစ်တဲ့ လိန်းကျယ်ကို မနာလိုဖြစ်စေတယ်။ ဇက်ခ်ရိက မကြာသေးမီက သူတို့နဲ့ လာပူးပေါင်းခဲ့ပြီး မျိုးနွယ်စုအတွက် အမဲလိုက်ခြင်းမှလွဲ၍ သူတို့အားလုံးက အချိန်အားလုံးနီးပါး အတူတူရှိ‌နေကြလေ့ရှိတယ်။

ဒီနေ့ သူတို့က အနီ‌ရောင်အသီးရှာဖို့ ထွက်လာကြတာ။ပိုင်မုရဲ့ အနီရောင်၀တ်စုံကို တွေ့ပြီးနောက် အယ်လ်ဗင်က ပိုင်မုကို သူ့အတွက် တစ်ထည်လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါကြောင့် အနီရောင်အသီးတွေကို သွားထွက်ရှာဖို့ orcs အနည်းငယ်ကို စေလွှတ်လိုက်တာပါ ။

"ခဲယ်လ်တစ် မင်းနဲ့ ပိုင်မုတို့က အန်းချီလော့နဲ့ ငါ အတူတွဲဖက်ပွဲကျင်းပတဲ့အခါ ငါတို့အတွက် ပြင်ဆင်ပေးရမယ်နော်"

"ဒါပေါ့"

"ဒီအနီရောင်အသီးလေးတွေက ဘာနဲ့တူလဲ" ဇက်ခ်ရိက စကားလမ်းကြောင်း ပြန်စလိုက်တယ်။ သူ အနီရောင်အသီးကို တစ်ခါမှ မမြင်ဖူးပါဘူး။

"ဝိုင်းဝိုင်းလေးနဲ့ လက်တစ်ချောင်းအရွယ်ပဲရှိတယ် အရောင်က မင်းမြင်လိုက်ရတဲ့ အနီရောင်အထည်စနဲ့  အရောင်တူလုနီးပါးပဲ"ပြောပြပြီးနောက်မှာ ခဲယ်လ်တစ်က ဆက်ပြောလိုက်သေးတယ်။ "နောက်ထပ်, ထပ်ရှာရအောင် ပိုင်မုက ပိုများလေလေ ကောင်းလေလေလို့ပြောတယ်"

အယ်လ်ဗင်က ဒီအချိန်မှာ အလုပ်မလုပ်တော့ဘဲ ၀တ်စုံရက်လုပ်တာနဲ့ပဲ အလုပ်များနေတယ်။ ပိုင်မုက ခေါင်းကုတ်နေရင်းနဲ့ ခြံဝင်းအတွင်းရှိ တဲငယ်ထဲမှာထိုင်လိုက်ကာ အယ်လ်ဗင်နဲ့သူ့ရဲ့ဝတ်စုံကို ဘယ်လိုဒီဇိုင်းထုတ်ရမလဲဆိုတာ စဉ်းစားနေခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓On viuen les histories. Descobreix ara