မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့အစားအစာကိုပဲအားကိုးတယ်

Start from the beginning
                                    

“နောက်ပြန်ဆုတ်လို့မရဘူး” ထန်ချောင်းချောင်းသည် မရမက ပြောသည်။ “အရာအားလုံးက အစမှာတော့ ခက်ခဲကြတာပဲ.. ဒီပထမဆုံးခြေလှမ်းကို မစတင်ဘူးဆိုရင် ဘယ်တော့မှ မတ်တပ်ရပ်နိုင်မလဲဆို သိမှာမဟုတ်ဘူး.. လေ့ကျင့်တာနဲ့ အပ်စိုက်ကုထုံးက အငြင်းပွားစရာမဟုတ်ဘူး.. လက်နှစ်ဖက်လုံးနဲ့ သေသေချာချာဆုပ်ကိုင်ပြီး ဆွဲထူရမယ်လို့ ပြောကြတာရှိတယ်”

ရှန်းယွဲ့၏ မျက်ခုံးမွှေးသည် ပင့်တက်သွားခဲ့ပြီး ‘ဒီစကားက ဒီမှာသုံးလို့ရလား’

ပြင်းထန်စိတ်ဒဏ်ရာနှင့် ကြုံတွေ့ခဲ့ရသောလူနာများသည် PTSD ရှိနိုင်ကြသည်။ သူတို့၏ ခြေလက်အဂ်ါများ ပြန်လည်ကောင်းမွန်သွားသော်လည်း သူတို့၏ စိတ်ပိုင်းဆိုင်ရာအားဖြင့် ရရှိခဲ့သော ဒဏ်ရာသည် မပျောက်ကင်းနိုင်ပေ။

ထန်ချောင်းချောင်းသည် ရှန်းယွဲ့တွင် PTSD ရှိလားဆိုတာ မသိခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာအားဖြင့်တော့ သိသိသာသာကို ခုခံနေခဲ့သည်။

ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကို တိုင်တစ်ခုဆီသို့ တွန်းပို့ခဲ့ပြီး စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ “ဒါကိုလုပ်ကြည့်”

ရှန်းယွဲ့သည် သူမ၏ မျှော်လင့်စောင့်စားသော အကြည့်အား ကြည့်လိုက်ပြီး သူ့အရှေ့မှ တိုင်နှစ်ခုအား ကြည့်လိုက်သည်။ သူသည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့၏။

ထို့နောက် သူသည် နှစ်ခါလောက် အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး တိုင်နှစ်ဖက်လုံးကိုကိုင်ကာ အံကြိတ်၍ ခန္ဓာကိုယ်အောက်ပိုင်းကို ပင့်တင်လိုက်သည်။

ထန်ချောင်းချောင်းက ကူညီမပေးပဲ သူ့ဘေးမှာ ရပ်ကြည့်နေသည်။

ဒီအဆင့်ကို သူ့ဘာသာလုပ်ရမည်ဖြစ်သည်။

ရှန်းယွဲ့၏ ခြေထောက်သည် နှစ်တစ်ဝက်စာလောက် အသက်မဲ့နေခဲ့ရသည့်အတွက် အခုဒီအဆင့်ကို ထပ်လုပ်ဖို့အတွက် မလွယ်ကူပေ။ သူ့ခြေထောက်သည် သူ့အပိုင်မဟုတ်သလို ခံစားရပြီး ခွန်အားတွေလည်း လုံးဝ မသုံးနိုင်တော့ပေ။ မတ်တပ်ရပ်ဖို့ သူ့လက်တွေကိုသာ အားထည့်နိုင်ခဲ့သည်။

မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့အစားအစာကိုပဲအားကိုးတယ်Where stories live. Discover now