ဖောင်ဒေးရှင်းကို တစ်ရက်မပြည့်မီ တူးဖော်ခဲ့ပြီး ပိုင်မုစတင်ဆောက်လုပ်တော့မယ့်အချိန်မှာ တစ်စုံတစ်ဦးက ရွံ့စေးနဲ့ထုံးကျောက်ရောနေတဲ့မြေကြီးနဲ့  ဆင်တူတဲ့အရာတစ်ခုကို တွေ့ရှိခဲ့တယ်။ ဒီသတင်းကိုကြားရတဲ့အတွက် လူတိုင်းက အရမ်းပျော်နေကြပေမယ့် အတည်မပြုရသေးတဲ့အချိန်အထိတော့ ဒါက တကယ့် ရွံ့စေးနဲ့ထုံးကျောက်‌ရောနေတဲ့မြေကြီးဖြစ်တယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

မျိုးနွယ်စုခေါင်းဆောက်ပုကျီက Erထက် ပိုစိုးရိမ်နေတာကြောင့် လူအချို့ကို ပြန်လည်ခေါ်ဆောင်လာခဲ့တယ်။ ဒီရက်ပိုင်းမှာ တိုးတက်မှု သိပ်မရှိခဲ့လို့ သူစိတ်ပူ‌နေခဲ့ရတာ။

အားလုံးက ရလဒ်တွေထွက်လာတာကို စိုးရိမ်ပူပန်စွာ စောင့်နေကြတယ်။ ဒါက မျိုးနွယ်စုရဲ့ အဓိကဖြစ်ရပ်တစ်ခုပါ။ အိမ်ဆောက်ဖို့ ပစ္စည်းတွေ အဆင်သင့်ဖြစ်နေပြီ၊ တံခါးတွေ ပြတင်းပေါက်တွေ အများကြီးလုပ်ထားပေမယ့် ရွံ့စေးနဲ့ထုံးကျောက်ရောမြေကြီး မရှိတာကြောင့် ဆောက်လုပ်မှုက ခုထိမစတင်နိုင်သေးပါဘူး။ ကံကောင်းထောက်မစွာနဲ့ ဒီတလောမှာ မိုးမရွာတာပဲ။ မဟုတ်ရင် သူတို့ဘဝတွေက ဝမ်းနည်းစရာကောင်း‌နေလိမ့်မယ်။

လူတိုင်းရဲ့ ပြင်းပြတဲ့မျှော်လင့်ချက်တွေနဲ့အတူ အခြားကမ္ဘာရဲ့ဘိလပ်‌မြေက နောက်ဆုံးမှာတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ကမ္ဘာတွေ ကွဲပြားတာကြောင့်လားဆိုတာ သူမသိဘူး။ဒီနေရာမှာရှိတဲ့ ထုံးကျောက်ကနေ ပြုလုပ်ထားတဲ့ ဘိလပ်မြေက အခုခေတ် အိမ်ဆောက်ရာမှာ အသုံးပြုတဲ့ ဘိလပ်မြေထက် ပိုမဆိုးနေခဲ့ဘူး။ဒါက ပိုင်မုကို အလွန့်အလွန်ပျော်ရွှင်စေတယ်။

ဒီသတင်းကိုသိပြီးနောက်မှာ ရက်အနည်းငယ်ကြာအောင် မှုန်မှိုင်းမှိုင်းဖြစ်နေတဲ့ ချောက်ကြီးက ဆူပွက်သွားတယ်။ လူတိုင်းက ပွဲတော်ဖြစ်နေသလိုမျိုး ပျော်နေကြတယ်။ မျိုးနွယ်စုခေါင်းဆောင် Er နဲ့ မျိုးနွယ်စုခေါင်းဆောင်ပုကျီတို့ရဲ့ မျက်နှာပေါ်က အပြုံးတွေကလည်း ဘယ်တော့မှ ရပ်တန့်မသွားခဲ့ဘူး။

ပိုင်မုက မြို့ရိုးနဲ့အိမ်တွေ စတင်ဆောက်လုပ်နိုင်ပြီလို့ ချက်ချင်းကြေငြာလိုက်ပြီး ရုတ်တရက် နောက်ထပ်ပျော်ရွှင်မှုတွေက ပေါက်ကွဲထွက်သွားခဲ့တယ်။နောက်ဆုံးတော့ သူတို့စောင့်မျှော်နေခဲ့တဲ့နေ့ကို ရောက်ရှိခဲ့ပြီ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now