"သူတို့အကြောင်း ကိုယ်မသိပေမယ့် အနာဂတ်မှာ ကိုယ်တို့သားလေးကတော့ အရမ်းလိမ်မာလိမ့်မယ်" ခဲယ်လ်တစ်က ငုံ့ကိုင်းလိုက်ပြီး ပိုင်မုနားကပ်ကာ တိုးတိုးလေးပြောပြီးနောက် သူ့ရဲ့လျှာကို ဆန့်ထုတ်လိုက်ပြီး အဲ့ဒါက ပိုင်မုရဲ့ ကျောက်စိမ်းလိုနားရွက်ဖြူဖြူလေးကို လျင်မြန်စွာဖြတ်သွားတယ်။

ပိုင်မုရဲ့မျက်နှာက ချက်ချင်းနီရဲလာပြီး ခဲယ်လ်တစ်ကို လျစ်လျူရှုလိုက်ကာ အန်းချီလော့နဲ့ မီးဘေးမှာ စကားပြောဖို့ သူတို့ဆီပြန်သွားခဲ့တယ်။ခဲယ်လ်တစ်က  ငါးခိုးထားတဲ့ ကြောင်တစ်ကောင်လို ပြုံးလိုက်ပြီး သူ့နောက်ကနေ အပြုံးတစ်ပွင့်နဲ့အတူ လိုက်လာကာ သူ့ဘေးမှာ ဝင်ထိုင်လိုက်တယ်။

Orcs လေးတွေရဲ့ အခြေအနေက သိပ်ပြီး မပြင်းထန်တာကြောင့် ခရီးလည်း မနှောင့်နှေးခဲ့သလို လမ်းတစ်လျှောက်မှာ မတော်တဆလည်း ထပ်မဖြစ်ခဲ့ဘူး။ နောက်ဆုံးတော့ စတုတ္ထမြောက်နေ့ ညနေမှာ ချောက်ထဲကိုရောက်ရှိသွားတယ်။မျိုးနွယ်စု၀င်တွေက ချောက်ကမ်းပါးတွေဝန်းရံထားတဲ့ လှပလွန်းတဲ့ချောက်ကြီးကို ကြည့်ပြီး စိတ်လှုပ်ရှားနေခဲ့ကြတယ်။

သူတို့က ဒီနေရာမှာ ဘဝသစ်တစ်ခုကို စတင်ချင်ကြပြီး သူတို့ရဲ့နေထိုင်မှုက အနာဂတ်မှာ ပိုကောင်းလာမှာဖြစ်တယ်။ မိသားစု၀င်တွေကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့လူတွေက မျက်ရည်ကျကြတယ်။ သူတို့ရဲ့မိသားစု၀င်တွေသာ  ခြေတစ်လှမ်းစောခဲ့ရင် သူတို့လည်း ကောင်းမွန်တဲ့ဘ၀မှာ နေထိုင်နိုင်ကြမှာလား။ အခုတော့ မျိုးနွယ်စုရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို မမြင်နိုင်ကြတော့ဘူး။

မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးက လူတိုင်းကို ချိုင့်ဝှမ်းအလယ်ရှိ တောအုပ်ထဲ ပို့ဆောင်ခဲ့တယ်။ အိမ်တွေဆောက်မပြီးမချင်း သူတို့ ဒီမှာပဲ ခေတ္တနေရလိမ့်မယ်။

ပိုင်မုက ခဲယ်လ်တစ်နဲ့လိန်းကျယ်ကို သစ်ပင်ကြီးနှစ်ပင်ကြားမှာ ကြိုးတစ်ချောင်းချည်ဖို့ ညွှန်ကြားခဲ့ပြီး လေးထောင့်ပုံသဏ္ဍာန်တိရစ္ဆာန်သားရေကိုတော့ ကြိုးပေါ်မှာ ချည်ထားတယ်။ အဲဒီနောက်မှာတော့ သူနဲ့ အန်းချီလော့တို့က တိရစ္ဆာန်သားရေတွေရဲ့ ထောင့်စွန်းတွေကို သစ်သားတုတ်တွေနဲ့ ရွှံ့ထဲမှာ ရိုက်ထည့်လိုက်ကြတယ်။ အစွန်းနှစ်ဖက်စလုံးမှာ လေဝင်လေထွက်ပါတဲ့ တြိဂံပုံစံနေရာ ဖြစ်ပေါ်လာတယ်။ အခုဆောက်နေတဲ့အရာက နမူနာဖြစ်ပြီး ကျန်တဲ့သူတွေက ဒါကို ဒီနေ့ တစ်ညတာအတွက် လုပ်ကြရမှာဖြစ်တယ်။ မနက်ဖြန်မှာတော့ သူတို့ရဲ့ယာယီအိမ်ဆောက်ဖို့ တဲတွေကနေ သူတို့သင်ယူကြရလိမ့်မယ်။(မျက်လုံးထဲ ပေါ်ကြရဲ့လားဟင် သစ်ပင်နှစ်ပင်ကြားမှာ ကြိုးချည်ပြီး ကြိုးပေါ်မှာ လေးထောင်ပုံစံသားရေကို ထက်၀က်ချိုးတင်တယ်။ပြီးတော့ အစွန်းလေးဖက်ကို ရွှံ့ထဲနှက်လိုက်တော့ တြိဂံလို တဲလေးဖြစ်လာတာ)

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now