"အန်တီ ပျို့ကိုချစ်တယ်"

"မပြောနဲ့ .. မပြောရဘူး! ပျိုမကြားဘူး!"

"ချစ်တယ်ပျို"

"တီ တီ တီ!!!"

ကားဟွန်းကိုဦးခေါင်းနဲ့ပစ်တိုက်လိုက်သည့်ပျိုဟာမျက်ရည်တွေဘာလို့ကျနေရတာလဲ။

"ချစ်တယ်လို့ကြားရတာအဲ့လောက်တောင်
နာကျင်ရလားဟင်"

"ခင်ဗျားဘာသာလမ်းလျှောက်ပြန်တော့"

ပြောပြီးတာနဲ့ကားကို'ဝူး'ခနဲမောင်းထွက်သွား
လေတော့သည်။

ပါးပြင်ပေါ်အစီးလိုက်ကျနေတဲ့မျက်ရည်တွေကို
လက်ဖမိုးဖြင့်သုတ်၍၊သုတ်၍ကလေးငယ်တစ်ယောက်လိုကျွန်မအော်ဟစ်ငိုယိုမိတယ်။

"ဟေး တစ်ယောက်ထဲလား လိုက်မလား"

"ငိုနေတာလား .. ချော့ပေးမယ်လေ"

ကျွန်မဒူးတွေပြိုလဲချင်နေလေပြီ။ခြေဖဝါးတို့နာကျင်လာသထက်နာကျင်လာပေမယ့်ရင်ဘတ်
ကြီးနာတာကိုမှီမယ်မထင်။

သွားကြပါတော့။ကျေးဇူးပြုပြီးကျွန်မအနားကနေထွက်သွားပေးကြပါ။

သူတို့ကားကလမ်းလျှောက်နေတဲ့ကျွန်မအနားကပ်၍ဖြေးဖြေးလေးမောင်း၏။မျက်ရည်တွေကြားကအရှေ့မှာဘာရှိနေမှန်းမသဲမကွဲဖြင့်စမ်းတဝါးဝါးရှေ့တိုးမိသည်။

ကားမောင်းထွက်သွားလေတော့ပြီ။ကျွန်မကတော့တစ်ကိုယ်တည်းလမ်းမပေါ်မှာလမ်းလျှောက်ဆဲ။ဘယ်နေရာရောက်နေမှန်းမသိသလိုဘယ်ကိုသွားရမယ်မှန်းလည်းမသိ။ဒီအတိုင်းပဲ  .. ဒီအတိုင်းလေးပဲလမ်းလျှောက်ကာနေတော့သည်။

— —  — —

ပျိုအတန်ကြာအောင်ကားပေါ်မှာအော်ဟစ်ငိုကြွေးနေခဲ့လေတယ်။အားရအောင်ငိုပြီး
နောက် -

"ဝူး!"

ကားကိုမောင်းထွက်ခဲ့၏။အိမ်ပြန်မယ်။အဲ့မိန်းမ
ဖြစ်ချင်ရာဖြစ်။မုန်းတယ် .. သူမကိုမဟုတ်။ပျို့
ကိုယ်ပျိုမုန်းတာ။

"ဝူး ..."

ကားကိုပြန်လှည့်၏။မောင်းထွက်လာပြီး -

ကားကိုရပ်လိုက်ပြန်၏။

"ဝုန်း!"

ကားတံခါးကိုဆောင့်ပိတ်လိုက်ပြီးပျို့ကိုငေးကြည့်နေသည့်သူမဆီသို့ခြေလှမ်းကျဲများဖြင့်ပျိုအရောက်သွားလိုက်ကာ -

"ဆေးခါး" [ completed ]Where stories live. Discover now