တွေ့ပါပြီး အေပရွန် ခဲရောင်လေးဝတ်ထားပြီး ချက်ပြုတ်နေတဲ့ ကိုကို..တစ်ခုခုကိုတွေးဆဆပုံစံလေးနဲ့ အတွေးလွန်နေပုံက ချစ်စရာကောင်းသည်။ဒါပေမဲ့ သူ ကိုကိုစတွေ့တည်းက ကိုကိုက အတွေးလွန်နေတတ်တာကို သတိထားမိ၏။ဘာတွေတွေးနေမှန်းမသိပေမဲ့ ကိုကိုရဲ့ အတွေးထဲမှာ သူရော အမြဲရှိနေမလား သိချင်မိသည်။


တစ်ခုခုကိုတွေးဆဆပုံစံလေးနဲ့ အတွေးလွန်နေပုံက ချစ်စရာကောင်းသည်။ဒါပေမဲ့ သူ ကိုကိုစတွေ့တည်းက ကိုကိုက အတွေးလွန်နေတတ်တာကို သတိထားမိ၏။ဘာတွေတွေးနေမှန်းမသိပေမဲ့ ကိုကိုရဲ့ အတွေးထဲမှာ သူရော အမြဲရှိနေမလား သိချင်မိသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



" ကိုကို~.."

အနားသွားပြီး ပခုံးလေးကိုင်ကာ..ခေါ်လာတော့ သူ့ကို လှည့်ကြည့်လာတဲ့ ကိုကို...


ခေါ်လာတော့ သူ့ကို လှည့်ကြည့်လာတဲ့ ကိုကို

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"မောင့်အတွက် မနက်စာပြင် နေတာလား...."


ကိုကိုက ပါးနပ်သည်။ သူနဲ့တွေ့တာ မကြာသေးပေမဲ့ သူဘာကို ပြောမှန်း နားလည်နေပြီ..အခုလည်း ခေါင်းလေးငြိမ့်ပြပြီး..လက်ဖဝါးလေးနဲ့ ခဏစောင့်ပါဆိုတဲ့ အဓိပ္ပာယ်လေး လုပ်ပြနေ၏။

ဟင်းချက်နေတဲ့ ကိုကို့ကို နောက်ကျောကနေဖက်ပြီး...ဆံပက်စလေးတွေကို နှုတ်ခမ်းနဲ့ ထိကပ်ပြီး နမ်းလိုက်...လည်တိုင်လေးကို နမ်းလိုက် နှောက်ယှက်နေတဲ့သူ...


မနေတတ်တော့တဲ့ ကိုကိုက မျက်နှာလေးရဲရဲ နီကာ သူ့ရင်ခွင်ထဲက ရုန်းနေ၏။

Dear Ko Ko ( Complete)On viuen les histories. Descobreix ara