ချိုင့်၀ှမ်းထဲမှာ နေရာအများကြီးရှိပြီး ပိုင်မုက ဒီနေရာရဲ့ ယေဘူယျအသွင်အပြင်ကို အရင်ဆုံးတချက်ကြည့်ရမှာမို့ ခဲယ်လ်တစ်ကို သူနဲ့အတူ နိမ့်နိမ့်လေး ပျံသန်းခိုင်းလိုက်တယ်။ ကျန်တဲ့သူတွေက သူတို့နောက်ကနေလိုက်လာပြီး ချောက်ကြီးကို လှည့်ပတ်ကြည့်ရှုကြတယ်။

ချိုင့်၀ှမ်းထဲကို ပျံသန်းသွားပြီး ကျယ်ကျယ်ပြန့်ပြန့်ပိုမြင်လာတာနဲ့အမျှ ချိုင့်၀ှမ်းထဲမှာ သူတို့မြင်ခဲ့ရတဲ့မြစ်က ချောက်ကမ်းပါးတစ်လျှောက်ကနေ ချိုင့်ဝှမ်းထဲကို ဆက်လက်စီး၀င်သွားတာ သိလိုက်ရတယ်။ ချိုင့်ဝှမ်းအတွင်းရှိ မြေမျက်နှာသွင်ပြင်က ပြန့်ပြူးပြီး ဒါက အိမ်တွေဆောက်လုပ်ဖို့အတွက် သင့်လျော်မယ်လို့ ကနဦးခန့်မှန်းထားတယ်။

ကုန်းတွင်းပိုင်းမှာရှိတဲ့ ကွင်းပြင်အများဆုံး ဧရိယာက သစ်တောပြုန်းတီးနေပြီး ပြန့်ပြူးတဲ့ မြက်ခင်းပြင်ဖြစ်တယ်။ ထိုအချိန်မှာ မြက်ခင်းတွေက အနည်းငယ်ဝါတဲ့ မြက်ပင်တွေနဲ့ ဖုံးလွှမ်းနေပြီး မကြာမီ စိမ်းလန်းတဲ့ မြက်ခင်းပြင်တစ်ခု ပြန်ဖြစ်လာတော့မယ့်ပုံရတယ်။

ချိုင့်ဝှမ်းထဲမှာ ချောင်းများစွာရှိပြီး နောက်ဆုံးမှာ ချောင်းတွေက ချောက်ကမ်းပါးအောက်ရှိ မြစ်ထဲမှာ စုဆုံသွားကြမှာဖြစ်တယ်။ပိုင်မုက အနာဂတ်ကျရင် ချောင်းဘေးမှာ အိမ်ဆောက်နိုင်မယ်လို့ တွေးထားတယ်။ ဒီလိုမျိုးက ရေရဖို့လည်း အရမ်းအဆင်ပြေပြီး တောင်တန်းတွေနဲ့အတူ နေထိုင်ရတဲ့ ပတ်ဝန်းကျင်ကလည်း ကောင်းမွန်မယ်လို့ သူထင်တယ်။

ချောက်ရဲ့ တစ်ဖက်တစ်ချက်စီရှိ ချောက်ကမ်းပါးတွေပေါ်မှာ ချုံပုတ်ငယ်လေးတွေ ပေါက်နေပြီး အဲ့ဒါက အလွန်သိပ်သည်းခြင်းမရှိပေမယ့်လည်း သူတို့အများစုကတော့ ကျောက်နံရံတွေမှာ ပေါက်နေတာပါ။ အရွယ်အစား မတူညီတဲ့ ဂူတစ်ခု ဒါမဟုတ် နှစ်ခုကို ကျောက်နံရံတွေပေါ်မှာ တစ်ခါတစ်ရံ မြင်တွေ့နိုင်တယ်။

အချိန်အတော်ကြာ လျှောက်လာကြပြီးနောက် ဆင်ခြေလျှောပြေပြေလေးတစ်ခုပေါ်  စတင်တက်လာခဲ့ကြရာ ရေတဟုန်ထိုးမြည်သံကိုတောင် တိုးတိုးလေး ကြားနိုင်ပါတယ်။ သူတို့ လျှောက်လာလေလေ အသံပိုကျယ်လေလေဖြစ်ပြီး အဲ့လိုဖြစ်‌နေတာက သူတို့ ချောက်ရဲ့အနက်ရှိုင်းဆုံးနေရာကို မရောက်ခင်ထိတိုင်အောင်ပါပဲ။ ချောက်ကမ်းပါးအထက်ကနေ ကွဲထွက်သွားတဲ့ ရေတံခွန်တစ်ခုကို ပိုင်မုမြင်လိုက်ရပြီး အဲ့ဒါက ချောက်ကမ်းပါးပေါ်ကနေ တွဲလောင်းချိတ်ဆွဲထားတဲ့ ရေလိုက်ကာတစ်ခုလိုဖြစ်နေတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now